"ဟော လရိပ်လေး လာ ထိုင် !"
ရှင်းသန့်တို့ အိမ်ထဲ ၀င်လာသည်နှင့် လရိပ် ဦးလေး ဖြစ်သူက ကြိုဆိုနေသည်။
လရိပ် အဖွားကတော့ ရှင်းသန့်ကို မမြင် သူ့ မြေးကို ပွေ့ဖက်ရင်း လွမ်းကြောင်း တဖွဖွပြောနေသည်မို့
လရိပ်က တအိမ်လုံး ရဲ့ အချစ်ကို ရထားသော ကလေးလေး တယောက်ဆိုတာ ရှင်းသန့် သဘောပေါက်လိုက်ရသည်။
"သူက ဘယ်သူလဲ မြေးလေးရဲ့ "
အဘွားမေက လရိပ်ကို ဖက်လို့ ၀ တော့မှ လရိပ် ဘေးနားမှာ ထိုင်နေတဲ့ ရှင်းသန့်ကို မေးလာတော့ . . .
လရိပ် ဦးလေးက ရှင်းသန့် မဖြေနိုင်ခင် အရင် ၀င်ဖြေပေးလိုက်သည်။
" သူက ဟိုတလောက ဖူးပွင့်နဲ့ အတူ ရန်ကုန်က ပါလာတဲ့ ကောင်လေးလေ ။ လရိပ်ကိုတောင် ရန်ကုန်ကို သူ့ကားနဲ့ ပြန် ပို့ပေးတဲ့ ကောင်လေး "
ဖူးပွင့် နဲ့ အတူ ဆိုသည်ကို ကြားတော့ အဘွားမေ မျက်နှာပျက်သွားသည်ကို ရှင်းသန့် သိပေမယ့် မသိချင် ယောင်ဆောင်ရင်း . . .
" မဂ်လာပါ အဘွားမေ ကျွန်တော့် နာမည်က ရှင်းသန့်မင်းနောင် ပါ "
အတတ်နိင်ဆုံး ယဉ်ကျေးသော အပြုံးတခုနဲ့ နှုတ်ဆက်လိုက်တော့
"တွေ့ရတာ ၀မ်းသာပါတယ်ကွယ် "
အဘွားမေက ရှင်းသန့်ကို ခြေဆုံး ခေါင်းဆုံး အကဲခတ်ကြည့်ရင်း
"ဒါနဲ့ သားက ဖူးပွင့် သူငယ်ချင်း လား ရည်းစားတွေ ဘာတွေတော့ မဟုတ်ပါဘူးနော် "
အဘွားမေရဲ့ အမေးကြောင့် ရှင်းသန့် နင်သွားရသည်။
" မဟုတ်ပါဘူး "
"ကိုကို အဲ ရှင်းသန့်က မဖူးပွင့် ရဲ့ ငယ်ငယ်လေးတည်းက သူငယ်ချင်းပါ "
လရိပ် အကျင့်အတိုင်း 'ကိုကို' ဟု မှားထွက်ပြီးမှ အမြန်ပြင်လိုက်သည်ကို အဘွားက မရိပ်မိ . . .
" သူငယ်ချင်းတွေလား တော်သေးတာပေါ့ "
ထို အခါမှ သဘောတွေ ကျသော အကြည့်မျိုး နှင့် ကြည့်လာတော့ ရှင်းသန့် သိပ် သဘောမကျချင်တော့ . . .

ESTÁS LEYENDO
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Novela Juvenilဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...