"လရိပ် အချစ်လေး ဟ! "
ရှင်းသန့်က လရိပ် ကို ထမင်းကြော် တဇွန်းခွန့်ကျွေးလိုက်သည်။
လရိပ် ကိုယ့် ဘာသာ စားမည်ဟု ဆိုသည်ကို ရှင်းသန့် က လုံး၀ လက်မခံ။ သူ ခွံ့ကျွေးမည်ဟု အတင်းအကျပ် ပြောသည်။
" ကိုယ် ပန်းကန်တွေ ဆေးလိုက်မယ် လရိပ် ပင်ပန်းနေမှာပဲ သွားနားတော့ "
အခုလည်း လရိပ် ဘယ်လို ပြောပြော ပန်းကန် ဆေးစင်နား အကတ်မခံ ဧည့်ခန်းထဲကိုသာ အတင်း တွန်းပို့နေသည်။
တနေ့လုံး ပင်ပန်းထားသဖြင့် လန်းသွားအောင် ရေချိုးပစ်လိုက်ပြီး ရှင်းသန့်က ဆင်တူ ၀တ်ရမည်ဟု ဆိုကာ အတင်းအကျပ် ၀ယ်လာခဲ့သော ဆင်တူ ညအိပ် အကျီ အနက်ရောင် ၀မ်းဆက်လေးကို ၀တ်ထားရင်း ခုတင်ပေါ်မှာ ပုံဆွဲနေမိလိုက်သည်။
လရိပ် ခုတင်ပေါ်မှာ laptop တစ်လုံးနှင့် design ပုံတခု ဆွဲနေမိသည်မှာ ဘယ်လောက်ကြာသွားသည် မသိ ရှင်းသန့် ပန်းကန်တွေ ဆေးပြီး အိပ်ခန်းထဲ ၀င်လာတော့ . . .
"လရိပ်က ရေချိုးပြီးပြီပဲ "
ရှင်းသန့်က အကျီများကို ချွပ်လိုက်ရင်း
"ဒါဆို ကိုယ် ရေချိုးလိုက်တော့မယ် "
လရိပ် မော့မကြည့်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
ရှင်းသန့် ရေချိုးခန်းထဲ ၀င်သွားတော့ လရိပ် အမြန်ဆုံး laptop နှင့် ပုံဆွဲ စာရွက်များကို သိမ်းလိုက်ပြီး စောင်ခြုံကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ရှင်းသန့် က လရိပ် လက်မခံရင် ဘာမှ မလုပ်ပါဘူး ဟု ကတိ ပေးထားသော်လည်း လရိပ် ရှင်းသန့်ကို မယုံရဲ။ ထို့ကြောင့် အိပ်ချင်ယောင်ဆောင်နေသော နည်းလမ်းကို ရွေးလိုက်သည်။
"လရိပ် အိပ်နေပြီလား "
ရှင်းသန့်က လရိပ် ရဲ့ ဘေးတွင် လာအိပ်ရင်း မေးလိုက်တော့ . . .
လရိပ် မျက်လုံးများကို ဇွတ်မှိတ်ထားလိုက်သည်။
လရိပ်ရဲ့ ပါးပြင်လေးပေါ်ကို အနမ်းလေး တပွင့် ကျရောက်လာပြီး လရိပ် ကိုယ်လေးကို ရှင်းသန့်က ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ လရိပ် ဆက် ဟန်မဆောင်နိုင်တော့ . . .
BẠN ĐANG ĐỌC
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...