"သားရေ မေမေ့ကား စက်နှိုးမရဘူး။ သားပဲ မေမေ့ကို ဘုရား လိုက်ပို့ပေးအုံး "
အမေ ဖြစ်သူကို မငြင်းဆန်နိုင်သောကြောင့် ရှင်းသန့် အပျင်းစိတ်များကို ဖယ်ထုတ် လိုက်ပြီး ဘုရားသွားဖို့ အ၀တ်လဲလိုက်သည်။
ပုဆိုး နက်ပြာရောင်ကို ၀တ်ဆင်လိုက်ပြီး လိုက်ဖက်မယ့် အကျီကို လိုက်ရှာကြည့်တော့ အမည်မသိ ပေးပို့ထားခြင်း ခံရသော နက်ပြာရောင် လည်စေ့ အကျီလေး . . .
ရှင်းသန့် ထို အကျီလေးကို ၀တ်ရန် ဆုံးဖြတ်လိုက်သည်။
"မေမေ့သားက မြန်မာ၀တ်စုံ ၀တ်လိုက်တော့ ခန့်ချောကြီးပဲ "
"မေမေ့သားပဲဟာ ဒီလောက်တော့ ရှိမှာပေါ့"
သားအမိ နှစ်ယောက် ကိုယ့်ငါးချဉ်ကိုယ် ချဉ်လိုက်ကြပြီး သဘောကျစွာ ရယ်လိုက်ကြသည်။
မေမေက ဘုရားရှိခိုးပြီး ပုတီး အကြာကြီး စိတ်မည်ကို သိနေသဖြင့် မေမေ့ကို ထားခဲ့ပြီး ဘုရားပေါ် တပတ်ပတ်နေမိသော ရှင်းသန့် ခြေလှမ်းများ ကြာသပတေးနံ အရောက် တွင် တုံ့ခနဲ ရပ်တန့်သွားမိသည်က . . .
ဘုရားရေ သပ္ပါယ်နေသော ကောင်လေး တယောက်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
အဖြူရောင် လည်စေ့ အကျီလေးနှင့် ပုဆိုး အနက်လေးကို ၀တ်ဆင်ထားသော လရိပ်ရောင်က ရိုးရိုးလေးနှင့် အလွန် ကြည့်ကောင်းနေသည်ကို ရှင်းသန့် ၀န်မခံချင်ပေမယ့် ၀န်ခံရတော့မည်။
ကြာသပတေး သားလေးက ရှင်းသန့်ကို မမြင် မျက်လုံးလေး မှိတ် လက်အုပ်လေး ချီကာ ဆုတောင်းနေသည်။
လရိပ်ရောင်ရဲ့ ထိုပုံရိပ်လေးသည် အလွန် အေးချမ်းလှသည်။
ထို ပုံရိပ်လေးကို ကြည့်နေရုံမျှဖြင့် ရှင်းသန့် ရင်ထဲတွင် တောက်လောင်နေသော အတ္တမီးများ ဒေါသမီးများ ရေ နှင့် လောင်းချလိုက်သည့်အလား ငြိမ်းသွားစေသည်။
လရိပ်ရောင် . . . နာမည်နှင့် လိုက်အောင် အေးချမ်းစေသည်။
လရိပ် မျက်လုံးလေးများ တဖြည်းဖြည်းခြင်း ပွင့်လာပြီး လရိပ်ရဲ့ မျက်၀န်းတောက်တောက်လေးများက ဆိုက်ကြည့်နေမိသော ရှင်းသန့် မျက်လုံးများနှင့် ဆုံမိတော့ . . .
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...