Channel 20 က ကျင်းပသော Designer ပြိုင်ပွဲတွင် စိတ်ညစ်ညူး စရာများကို ခေါင်းထဲမှ ခဏလောက် ဖြစ်ဖြစ် ထုပ်ပစ်နိုင်ရန် အတွက် ၀င်ပြိုင်ဖြစ် ခဲ့သော်လည်း . . . . .
ပြိုင်ပွဲ၏ စိန်ခေါ်မှု အသစ် အသစ်များကို ကြိုးစား ကျော်ဖြတ်ရင်း Final round အထိ တက်လာနိုင်ခဲ့သော အခါ . . . . .
အစက Top Ten ထဲ ၀င်ရုံမျှနှင့် ကျေနပ်ပြီဟု ဟု တွေးထားခဲ့သော စိတ်များ ယခု အခါ ဒုတိယ အဆင့်လောက်နှင့် မကျေနပ်ချင်တော့ winner ဖြစ်ချင်မိသည်။
ထို့ကြောင့်လည်း နှာခေါင်းသွေး တတောက်တောက် ယိုသည် အထိ မအိပ်မနေ အများကြီး ကြိုးစားခဲ့ရသည်။
ထိုသို့ ကြိုးစားမှု၏ အသီးအပွင့်များ ကတော့ . . . . . လရိပ် ပထမဆု ကို ဆွတ်ခူးခဲ့သည်။
" The winner of the best Designer award 2020 is လရိပ်ရောင် !!! "
ဟု အခန်းအနား တင်ဆက်သူမှ ကြော်ငြာလိုက်ချိန် အထိ လရိပ် မယုံနိုင်ခဲ့ . . . .
လက်ခုပ်သံများ တခန်းလုံး ပြည့်လျှံသွားသည် အထိ အိပ်မက်မက် နေသည်ဟုသာ ထင်မှတ်နေမိခဲ့သည်။
လရိပ်ကို ပွေ့ဖက်ရင်း ရှင်းသန့် တယောက် လရိပ် အတွက် မည်မျှ ဂုဏ်ယူရကြောင်း ပြောလာသည် အထိ အိပ်မက်ထဲတွင် ရှိနေသည်ဟု ထင်နေမိခဲ့သည် . . . . .
✨✨✨✨✨✨✨✨✨✨✨✨✨
"Cheers !!!"
ရှန်ပိန် ခွက်များကို ပြိုင်တူတိုက်လိုက်ကြရင်း သူငယ်ချင်း 5 ယောက် အပျော်ကြီး ပျော်နေမိသည်က . . . .
ဒီနေ့က လရိပ်တို့ သူငယ်ချင်း 5 ယောက်၏ Fashion Castle ကို တိုးချဲ့ခြင်း၏ ပထမဆုံး ခြေလှမ်း ဖြစ်သော ပါရမီတွင် ဆိုင်ခွဲ ဖွဲ့ပွဲနေ့ဖြစ်သည်။
တချိန်က မေမီ့၏ မိဘများ၏ လွတ်နေသော မြေညီထပ် းကျဉ်းကျဉ်းလေးတွင် စတင်ခဲ့ရသော လရိပ်တို့ သူငယ်ချင်း 5 ယောက်၏ fashion Castle က . . . . .
အခု အချိန်တွင် ပါရမီတွင် 2 ထပ်တိုက်ကြီး နှင့် ခမ်းနားစွာ ဖွင့်လှစ်ထားသော fashion Castle အဆင့်သို့ ရောက်ရှိလာခဲ့သည်က . . . . .
လရိပ်တို့ သူငယ်ချင်း 5ယောက်၏ တက်ညီလက်ညီ ကြိုးစားမှုများကြောင့် သာ ဖြစ်သည်။

أنت تقرأ
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
أدب المراهقينဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...