"လရိပ် ကို ချစ်တယ် "
ရှင်းသန့် စကားအဆုံးမှာ လရိပ်က အံဩသွားသော မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ လှမ်းကြည့်တော့
"ကို မင်းကို အရမ်း ချစ်တယ် "
လရိပ် မယုံကြည်မည်စိုး သဖြင့် နောက်တကြိမ် ထပ် ပြောလိုက်မိသည် ။
"မင်း Alvin နဲ့ ချစ်သူတွေဆိုရင် ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ခံစား ချက်တွေ ကို မထိန်းနိုင်တော့လို့ ဖွင့်ပြောမိတာပါ"
လရိပ် က တခုခု ပြန်ပြောရန် နှုတ်ခမ်းဖူးဖူးလေးများကို ဖွင့်ဟလိုက်တော့ သူ လရိပ် ငြင်းလိုက်မည်ကို ကြောက်သဖြင့် ကြောက်အားလန့်အား ပြောလိုက်မိသည်။
လရိပ်က မျက်မှောင် တချက်ကြုတ်လိုက်ရင်း . . .
" Alvin နဲ့ လရိပ် က သူငယ်ချင်းတွေပါ "
လရိပ် စကားကြောင့် ရှင်းသန့် yes! ဟု တချက် လက်သီးစုပ်ကာ တိုးတိုးလေး အော်လိုက်မိသည်။
လရိပ်ကို မျှော်လင့်ချက် အပြည့်နဲ့ ကြည့်လိုက်ရင်း. . .
"လရိပ် ကိုယ့်ကို အဖြေ ပြန်ပေးနိုင်မလား "
" လရိပ် . . . "
လရိပ်က ပြောမယ့် စကားများကို ခဏရပ်လိုက်ပြီး မျက်လုံးများကို တချက် လွှဲလိုက်သည်။
ဒီတခါ ရှက်စိတ်ကြောင့် မျက်နှာလွဲချင်း မဟုတ်ဘဲ ၀မ်းနည်းနေဟန် လရိပ်ရဲ့ အမှုအရာကြောင့် ရှင်းသန့် စိတ်ပူသွားမိသည်။
လရိပ်များ ငြင်းလိုက်ရင် ရှင်းသန့် ဘယ်လိုလုပ်ရမလဲ. . . အတွေးများ မဆုံးခင် ကြားလိုက်ရသည်က . . .
" လရိပ် ရှင်းသန့် အချစ်ကို လက်မခံနိုင်ပါဘူး "
ရှင်းသန့် အတွက် လရိပ်ရဲ့ အဖြေဖြစ်သည် ။
လောကကြီးတခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှာ စူးခနဲ နာကျင်သွားမိသည်။ ရင်ထဲ ပူလောင်မှုတွေ ဆူပွက်လာပြီး ယောင်္ကျားတယောက် ဖြစ်သည်ကို မေ့ထားပြီး ငိုချင်လာမိသည်။လရိပ် ရှင်းသန့် ကို ဘယ်နည်းနဲ့မှ လက်မခံမည်ကို ရှင်းသန့် သိလျက်နဲ့ ရှင်းသန့် အချစ်များကို သူ မထိန်းနိုင်ခဲ့ ။ ၀န်ခံခဲ့သည် ။
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...