Chapter 45

9.5K 715 20
                                    

   တညလုံး အဖေ အိမ်သို့ ပြန်မလာသော  အခါ . . . .

   တခုခု မှားနေပြီဟု ရှင်းသန့်၏ အသိစိတ်များက သတိပေးနေကြပြီး

      စိုးရိမ်မှုများဖြင့် လရိပ် ဖုန်းကို တချိန်လုံး ခေါ်နေပေမယ့် ဘယ်လိုမှ ခေါ်မရခဲ့ ။

     လရိပ်၏ သူငယ်ချင်းများ၏ ဖုန်းကို ဆက်လိုက် သောအခါ

"ကျွန်တော်တို့လည်း သူ့ကို ကျောင်းမှာ ရှာမတွေ့လို့ အကို့ကို ဖုန်းခေါ်တော့မလို့ ဟို video ကို . . .   "

      ရှင်းသန့် နားလည်လိုက်ပြီမို့ မင်းသူ၏  စကားဆုံးအောင် မစောင့်တော့

     အမေ သူ့ကို အသုံးပြုခွင့် ပေးထားသော USB stick လေးကို ယူလိုက်ရင်း

     ကုတင်ပေါ်တွင်  နှစ်ခြိုက်စွာ အိပ်ပျော်နေသော အမေ့ကို

"သား ဒီ stick လေးကို သုံးရတော့မယ်  သား တကယ် တောင်းပန်ပါတယ် အမေ "

     တိုး‌တိုးလေး တောင်းပန်ခဲ့ရင်း လရိပ် ကျောင်းဆီ ထွက်လာခဲ့လိုက်သည်။

  ✨✨✨✨✨✨✨✨✨✨✨✨✨✨✨
     ရှင်းသန့် ကျောင်းဆောင် အတွင်းသို့ ခြေချလိုက်သည်နှင့်

     သနားသလို အကြည့်များ ၊ လှောင်ပြောင်သော  တီးတိုး စကားသံများကို နားနှင့် အပြည့် ကြားနေရသည်။

     သူ့လို သူများ အပြောများကို ဂရုမစိုက်တတ်သော သူတောင် ဤမျှ ခံစားရရင်

     စိတ်အားငယ်တတ်သော လရိပ် အတွက် ဒီ စကားသံများက ဘယ်လောက် နာကျင်စေလိုက် မလဲ

   တွေးမိ သောအခါ သူ လူသတ်ချင်လာမိသည်။

     သူ့ခြေလှမ်းများကို နောက်ပြန်လှည့်ရင်း သူကြားအောင် အနားတွင် လှောင်နေသော ကျောင်းသား 3 ယောက်ဆီ လျှောက်သွားရန် ပြင်လိုက် သောအခါ

" မင်း သူတို့နဲ့ ရန်ဖြစ်ရင် ပြသနာ ပိုဆိုးလာယုံပဲ ရှိမယ် "

      သူ့ ပခုံးကို ရုပ်တရက် ဆုပ်ကိုင်ရင်း တားလိုက်သူများက 

"ဇိုင်း?! စေမန် ?! "

" We're here too "

     ဖူးပွင့် နဲ့ အတူ Alvin ကို ပါ မြင်လိုက်ရသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Onde histórias criam vida. Descubra agora