Chapter 36

9.8K 707 18
                                    

ရုပ်တရက်  ကျွီခနဲ ပွင့်လာသော တံခါးနဲ့အတူ ဆေးရုံခန်းထဲ ၀င်လာသူက လရိပ်ကို အံ့ဩသွားစေရသည်။

" ဘာလို့ ဒီကို . . . "

    လရိပ်ကို ပြုံးပြနေသော ထိုလူက . . . .

  "ရှင်းသန့် ?!"

   ရှင်းသန့်က လရိပ်ကို ပြုံးပြလိုက်ရင်း တံခါးကို ပြန်ပိတ်လိုက်သည်။

"ကိုကို အိမ်မပြန်ဘူးလား "

" ဟင့်အင်း ကိုကိုလည်း လရိပ်နဲ့အတူ ဒီမှာ စောင့်အိပ်ပေးမယ် "

  ရှင်းသန့်က သူ ယူလာသော လက်ဆွဲအိတ်ကို နေရာလွှတ်တခုတွင် ချလိုက်ရင်း

" မနက်ဖြန် ဒီကနေ ရုံးတက်ဖို့ လိုတဲ့ ပစ္စည်းတွေရော လရိပ် အတွက် လိုမယ့်ပစ္စည်းတွေရော ကိုကို အကုန် ယူလာခဲ့လိုက်တယ် "

" ဒါပေမယ့် ကုတင်က တခုတည်းလေ "

   လရိပ် စကားကို ရှင်းသန့်က ပြုံးလိုက်ရင်း တခုတည်းသော လူနာစောင့် ကုတင်ပေါ်တွင် လှဲလိုက်ပြီး

" အတူတူ အိပ်မှာပေါ့ ဘာဖြစ်လဲ "

  ရှင်းသန့်ရဲ့ ထို အပြုံးကို လရိပ် သိနေသည်မို့

"ဘာစကားလဲ "

  လရိပ် မျက်နှာလေး ရဲသွားသည်ကို ရှင်းသန့်က သဘောကျစွာ ရယ်လိုက်ရင်း

" ကိုယ်က ရိုးရိုးသားသား အိပ်ဖို့ပြောတာကို လရိပ်လေးက မဟုတ်တာတွေ တွေးနေတာကိုး  "

  ရှင်းသန့် စကားကြောင့် လရိပ် မျက်နှာ ခရမ်းချဉ်သီး တလုံးလို နီရဲသွားတော့သည်။

" ဘာလို့တွေးရမှာလဲ မတွေးဘူး "

   ခြေထောက်လေးကို ဆောင့်ရင်း အဝေးကို ထွက်သွားဖို့ ပြင်လိုက်တော့ ရှင်းသန့်က နောက်က သိုင်းဖက်လိုက်ရင်း ကုတင်ပေါ် ဆွဲချလိုက်တော့ လရိပ် ရှင်းသန့် ကိုယ်ပေါ်ကို ပြုတ်ကျသွားရသည်။

" ဒီလိုလေး အိပ်ရအောင် ချစ်လေးရာ "

  လရိပ် ခါးလေးကို ဖက်ထားသည်မို့ လရိပ် ဘယ်လိုမှ ထ မရ ။

   နောက်ဆုံး မတတ်နိုင်တော့ ရှင်းသန့် ရင်ဘတ်‌‌ေပါ်ကို ခေါင်းလေးမှီရင်း လက်လျှော့လိုက်ရသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Tahanan ng mga kuwento. Tumuklas ngayon