လရိပ် ဘယ်လောက် ငိုနေမိသည် မသိ ကိုယ့်ကိုကိုယ် သတိထား မိတော့ ရှင်းသန့်ရင်ခွင်ထဲတွင် ရှိနေသည်။ လရိပ် ရှင်းသန်ကို တွန်းလွှတ်လိုက်တော့ ရုပ်တရက်မို့ ရှင်းသန့် နောက် နည်းနည်းလန်သွားပြီး . .
"လရိပ်. . . ကိုယ်"
"တော်တော့ ငါ့ကို airport မြန်မြန်ပို့ပေး ငါ့ သူငယ်ချင်းကို သွားကြိုရမှာ "
လရိပ်ရဲ့ ခပ်ဆတ်ဆတ်အပြောကြောင့် ရှင်းသန့် ငိုင်သွားပြီး တခုခု ပြောချင်နေသော်လည်း မျိုချလိုက်ပြီး ကားစက်နိုးလိုက်သည်။
ကားရပ်လိုက်တော့ လရိပ် ဆင်းမည် လုပ်သော အခါတွင် လရိပ် လက်ကို လှမ်းဆွဲလိုက်သော ရှင်းသန့်ကို လှည့် ကြည့်မိတော့
"ကိုယ် မင်းကို ဘယ်တော့မှ ငိုအောင် မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ် "
ထို စကားကို လရိပ် မယုံပေမယ့်လည်း နောက်ကျနေပြီဖြစ်သောကြောင့် ရှည်ရှည်ဝေးဝေး စကား မပြောချင်တော့ ။ ရှင်းသန့်က လက်ကို လွှတ်ပေးလိုက်သည်နဲ့ လေဆိပ်ထဲ ပြေး၀င်သွားလိုက်သည်။
ပထမဆုံးလုပ်မိသည် က သန့်စင်ခန်း၀င်ကာ ငိုထားသော မျက်နှာကို သစ်ပြစ်လိုက်သည်။ လရိပ် ငိုထားသည်ကို Alvin မသိစေချင်။ Alvin ကို စိတ်မကောင်း မဖြစ်စေချင်. .။
Arrival board ကို ကြည့်တော့ လွန်ခဲ့တဲ့ 45 မိနစ် တုံးက ရောက်ရှိသည်တဲ့ . . .
Alvin ကို လရိပ် လှည့်လည် ရှာကြည့်မိသည်။ မတွေ့ . . .
"Guess who?"
လရိပ် မျက်လုံးများကို အနောက်မှလက်တဖက်ဖြင့် ပိတ်လိုက်တော့ လက်ပိုင်ရှင်မှာ ဘယ်သူမှန်း တန်း သိလိုက်ရသည် မို့ . .
"မောင် Alvin ပေါ့ "
Alvin လက်ကို ဖြုတ်ပြီး နောက်လှည့် ကြည့်လိုက်တော့ မီးခိုးရောင် ဆံပင် ၊ မြန်မာ ၀တ်စုံ အပြည့်အစုံနဲ့ နေကာမျက်မှန်ကြီး တတ်ထားသော Alvin ကို တွေ့လိုက်ရသည်။
လည်စေ့ အကျီ အမည်း နှင့်အတူ အမည်းနဲ့ ငွေရောင်စပ်ထားသော ဖဲပုဆိုးကို ၀တ်ဆင်ထားသော Alvin ပုံမှာ အဖေ့ အ၀တ်အစားများ ခိုး၀တ်ထားသော ကလေးလေး တယောက်နဲ့တူနေသည်။
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...