လရိပ် ကို ကျောင်းအပြန် ကား parking နားက စောင့်နေတော့ လရိပ်က Fashion Castleကို သွားမှ ဖြစ်မယ် ဆိုပြီး သူ့ကားနဲ့ သူ ပြန်မည်ဟု ပြောလာတော့
"စောစော ပြန်လာခဲ့နော် "
ရှင်းသန့် အိမ်သော့ ကို ယူရင်း ပြောလိုက်သည်။
"အင်းပါ "
"ကိုကို ညစာ ချက်ထားပြီး စောင့်နေမယ်နော်"
လရိပ်က ရှင်းသန့် စကားကြားတော့ ပြာပြာသလဲ အတင်းတားတော့သည်။
"မချက်နဲ့ မချက်နဲ့ "
"ဘာလို့လဲ လရိပ်ရဲ့"
"မီးဖိုထဲ တခါမှ မ၀င်ဖူးဘူး မလား။ တော်ကြာ မီးတွေ ဘာတွေ လောင်နေမှာ စိုးလို့"
လရိပ်က အားတုံအားနာ ပြောလာတော့ ရှင်းသန့် မီးဖို ထဲ တခါမှ မ၀င်ဖူးသည်ကို ၀န်မခံချင်သည်မို့
"ဟာ ကိုကို ချက်တတ်ပါတယ် "
လရိပ်က မယုံ။
"ကိုကို မချက်တော့ပါဘူး "
ရှင်းသန့် ကတိပေးလိုက်မှ လရိပ်က စိတ်ချသွားပြီး ကားလေးကို မောင်းထွက်သွားသည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
လရိပ်ကို ပေးထားသော condo ကို မသွားမှီ အမေ့ကို နှုတ်ဆက်ရန် အိမ်ကို အရင် သွားလိုက်သည်။
ရှင်းသန့် အိမ်မှာ မနေ။ သူငယ်ချင်းတစ်ယောက်နဲ့ သူ ၀ယ်ထားသော condo မှာ သွားနေမည်ဆိုတော့ အမေက သဘောမကျ။
"သားရယ် သားဖေဖေက သားကို စိတ်ဆိုးပြေနေပါပြီ အိမ်မှာပဲ နေပါ"
"သား မနေချင်ဘူး အမေ ။ သား သူငယ်ချင်းနဲ့ အကုန် ပြောဆိုပြီးပြီ ။ သား အဲ့ condo မှာပဲ နေလိုက်တော့မယ် "
သူ့ကို ဘယ်လိုမှ တားမရမှန်း သိနေသဖြင့် အမေက ဘာမှ ဆက်မပြောတော့ ။
"ဒါနဲ့ သား သူငယ်ချင်းက ဘယ်သူလဲ ။ ဇိုင်းတို့ တွေလား"
အမေ့ အမေးကို သူ ကြိုတင် စဉ်းစားထား သော အလိမ်အညာ အဖြေတခု ပေးလိုက်သည်။
"ဟင့်အင်း ကျွန်တော်နဲ့ ကျောင်းမှာ ခင်တဲ့ သူငယ်ချင်း ။ ပြောလည်း အမေ မသိပါဘူး "
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...