Chapter 18

15.4K 1.1K 26
                                    

    လရိပ် ရှင်းသန့်ကို အခန်း အပြင်ဘက် တွင် စောင့်နေချိန် လရိပ် ဘေးနား လာရပ်သူ ကြောင့် လန့်သွားမိသည်။

" ကိုယ့် ကို အဲ့လို သရဲတစေ လို မကြည့်ပါနဲ့ ကလေးရယ် "

  ဦးသီဟ က လှောင်သလို ပြောလိုက်သည်။

   လရိပ် ထွက်ပြေးမည် လုပ်တော့ ဦးသီဟက လက်ကို ဖမ်းချုပ်ထားသည်။

   အားကောင်းသော ဦးသီဟကို လရိပ်ဘယ်လို ကြိုးစားကြိုးစား ရုံးမထွက်နိုင် ။

"မလောပါနဲ့ ကလေးရယ် ကိုယ် နဲ့ စကား ပြောရုံလေးပါ  ခဏ လိုက်ခဲ့ "

   ဦးသီဟက လရိပ် လက်ကို ဆွဲရင်း elevator ဆီ ခေါ်သွားတော့ လရိပ် ရုံးကန်ရင်း သူ ခေါ်ရာ နောက်ပါသွားရတော့သည်။

"ခင်ဗျား လရိပ်ကို လွှတ်! "

    Hotel အသစ် ဖြစ်သည်က တကြောင်း ၀န်ထမ်းများ အားလုံး  ဖွင့်ပွဲ အခန်းနား ကျင်းပရာ အောက်ထပ်တွင် ရှိ‌နေသဖြင့် လရိပ် အော်သံကို မည်သူမျှ မကြားမည်ကို သိပေမယ့်  လရိပ် လက် မလျှော့ ရှင်းသန့် လရိပ် အသံကို ကြားမည်ကို ယုံကြည်သည်။

✨✨✨✨✨✨✨✨✨✨✨✨✨✨

    ဦးသီဟ က လရိပ်ကို အပေါ်ဆုံးထပ် 11 လွှာ အပန်းဖြေ ပန်းခြံ ပြုလုပ်ထားသော နေရာသို့ ခေါ်လာခဲ့သည်။

" ခင်ဗျားကြီး ကျွန်တော့်ကို လွှတ် " 

" လွှတ်မှာပါ ကလေးရယ် ။ ခုနက ရှင်းသန့် နဲ့ တုံးကတော့ အဲ့လို မအော်ဘူးနော် ဟင်းဟင်း "

    ဦးသီဟ က လှောင်ပြောင် ပြောဆိုလိုက်ရင်း  လက်ကို လွှတ်ပေးလိုက်သည်။

" ခင်ဗျား ဘာပြောချင်တာလဲ "

"မင်း ဘာလို့ လမင်းမောင် အိမ်ပေါ်က ဆင်းသွားတာလဲ "

" ခင်ဗျားနဲ့ ဘာဆိုင်လို့ လဲ "

"မဆိုင်သေးပေမယ့် နောက် ဆိုင်ရမယ့် လူတွေလေ။ မင်းက တနေ့ ကိုယ့် ယောကျာ်း ဖြစ်လာမှာ "

  ဦးသီဟ ရဲ့ ခနဲ့နဲ့တဲ့တဲ့ အပြုံးတွင် လရိပ် လက်သီးကို ကြစ်ကြစ်ပါအောင် ဆုတ်လိုက်မိသည်။

  ကိုယ့် ထက် အသက်ကြီးသူ တယောက်ကို လရိပ် လက်မပါချင်ပေမယ့် ယုတ်မာလာရင်တော့  . . .

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now