Chapter 52 Extra 3

8.5K 505 18
                                    

February 13 ,

အချိန် အကြာကြီး နေမှ ရှင်းသန့် နဲ့ နှစ်ယောက်တည်း အတူတူ သွားရသော ခရီး ဖြစ်သည်မို့

ရှင်းသန့် နဲ့ ပထမဆုံး ချိန်းတွေ့ခဲ့‌သော နေ့လေး အလား ရင်ခုန်သံတွေ မြန်နေမိသည်။

" လရိပ် တို့ အခု ဘယ်သွားနေတာလဲ ?"

ကားပြတင်း အပြင်ကို လှမ်းကြည့်ရင်း မေးလိုက်တော့ . . . .

" အဲ့ဒါက လျို့ဝှက်ချက် ! "

လျို့ဝှက်သော အပြုံး တခုနဲ့ ပြောလာသူကို

လျို့ဝှက်ချက်များကို မုန်းသော လရိပ် တယောက်

စိတ်တိုတိုဖြင့် လက်မောင်းကို ထိုးပစ်လိုက်သည်။

" ကားမောင်းနေတဲ့ လူကို မနှောင့်ယှက်ရဘူးလေ "

" ဘယ်လိုနေရာမျိုးလဲ ဆိုတာ လရိပ်ကို အရိပ်အမွတ်လေးတောင် မပြောပြဘူးလား ?"

ရှင်းသန့်၏ အားနည်းချက်ကို ကောင်းကောင်းကြီး သိထားသော လရိပ် ,

နှုတ်ခမ်းလေးကို စူရင်း မေးကြည့်လိုက်တော့ . . . .

ရှင်းသန့် တယောက် သဘောကျစွာ ရီလိုက်ရင်း . . .

" အခု ကိုယ်တို့ သွားနေတဲ့ နေရာက အရမ်း အေးပြီး view တွေကလည်း အရမ်း မိုက်တယ် "

. . . . . ဒါဆို ရှမ်းပြည်နယ်ဘက် ဖြစ်နိုင်သည်။

အတွေးများနဲ့ ပျော်နေမိသော လရိပ်ကို ရှင်းသန့် ဆက်ပြောလာသည်က . . .

" ဒါပေမယ့် ကိုယ့် အတွက်တော့ မကောင်းတဲ့ အမှတ်တရ လေးတွေ ရှိခဲ့ဖူးတယ် "

ရှင်းသန့်၏ စကားကို နားမလည် ဖြစ်နေရသော လရိပ်ကို

ရှင်းသန့်က အပြုံးလေး တခုနဲ့ တုံ့ပြန်လိုက်ရင်း

" ချစ် ဟိုရောက်ရင် နားလည်လာမှာပါ "

✨✨✨✨✨✨✨✨✨✨✨✨✨✨ ✨

" ချစ် ထတော့လေ ကိုယ်တို့ ရောက်ပြီ! "

ရန်ကုန်မှ ထွက်လာသည့် အချိန်က မနက် 8 နာရီ ဖြစ်ပြီး . . . .

အခု ည 10 နာရီ . . . . .ဤမျှ ရှည်ကြာသော လမ်းခရီးတွင် အိပ်ရင်း လိုက်ပါလာသော လရိပ်ကို

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Où les histoires vivent. Découvrez maintenant