ရှင်းသန့်ကို ကျောပေးပြီး တဘက်လှည့်ကာ လရိပ် အိပ်ချင်ယောင်ဆောင်နေခဲ့ပေမယ့် အိပ်မပျော်။ ရှင်းသန့်ရဲ့ သက်ပြင်းချသံ တိုးတိုးလေးများကို ကြားနေရသဖြင့် ရှင်းသန့်လည်း အိပ်မပျော် ဖြစ်နေသည်ကို သိနေသည်။
မနက် 6 နာရီ ထိုးမှ တချက် မှေးခနဲ အိပ်ပျော်သွားပြီး မနက် 7 နာရီ လရိပ် နိုးတော့ ရှင်းသန့်က အိပ်ပျော်နေဆဲ . . .
အိပ်ပျော်နေတဲ့ ရှင်းသန့်ရဲ့ မျက်နှာကို ငေးကြည့်နေမိရင်း တွေးနေမိသည်က . . .
'လရိပ် ညက ရှင်းသန့် ကို အရမ်း ရက်စက် လိုက်မိသည်လား '
ရှင်းသန့် မနိုးခင် coffee နှင့်ပေါင်မုန့် မိးကင် ပြင်ပေးလိုက်သည်။
ညအိပ် အကျီကို လဲဖို့ ပြင်တော့ အားပါး ! လရိပ် လည်တိုင်တလျှောက် ရှင်းသန့်ရဲ့ ချစ်သက်လက်ဆောင် များနဲ့ ပြည့်နေပြီး မေးနားက အမှတ်က ပို ထင်းနေသည်။ ဘယ်လိုမှ ဖုံးလို့ ရမည် မဟုတ် ။
နောက်ဆုံး ကြံရာမရ လည်ပင်းပြည့် sweater ကို ၀တ်လိုက်ရတော့သည် ။
တော်သေး စနေနေ့မို့ ကျောင်းသွားစရာ မလိုလို့ . . .
✨✨✨✨✨✨
လရိပ် Fashion Castle ထဲ ၀င်လိုက်သည်နှင့် အလုပ်ရှုပ်နေကြသော မေမီ နှင့် ယုယ နွေခေါင်ခေါင် လည်ပင်းပြည့် sweater ကြီး ၀တ်ထားသော လရိပ်ကို ကြောင်ကြည့်နေကြသည်။
"ဒါက ဘယ်လို ဖြစ် "
အနွေးထည်ကို လုံး၀ မချွတ် ။ Air Con တွေ ထဖွင့်ပြီး ရေခဲရေ တွေ တခွက်ပြီး တခွက် သောက်နေသော လရိပ်ကို သိချင်စိတ်များ မအောင့်နိုင် မေးလိုက်တော့ . . .
" ဘာမှ မဖြစ်ပါဘူး "
မျက်နာ နီနီလေး နှင့် မလိမ်တတ် လိမ်တတ် လိမ်ပြောနေတော့ . . .
" မေမီရယ် ရှင်းသန့် ညက အချစ်ကြမ်းသွားတဲ့ အမှတ်အသားတွေကို ဖုံးထားတာ နေမှာပေါ့ "
ယုယ နှင့် မေမီ စကားကြောင့် လရိပ်မျက်လုံးများ ဝိုင်းစက်သွားရသည်။
"ဟယ်! ယုယက စလိုက်တာကို ဘယ်လို တောင်လည်း တကယ်ကြီးလား "
"မဟုတ်ပါဘူး "
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...