"အန်ကယ်ကြီး, ကိုလေးက ဘာ အစားမှ မစားချင်ဘူးတဲ့ "
ရှင်းသန့် အခန်းထဲသို့ ပို့ပေးရန် ပြင်ထားသော ထမင်းဟင်းများကို အရာ မပျက်ယွင်း ပြန်လည် သယ်ယူလာသော အိမ်အကူ ကောင်မလေး က ပြောလာတော့
" ဒီကောင်ကတော့ ခက်တာပဲ။ ဒဏ်ရာတွေရော ဆေးထည့် ခံလား "
ဦးမင်းနောင် မေးလိုက်ပေမယ့် အဖြေကို သိနှင့်နေသည်။
သေရမည်တောင် မကြောက်သော ရှင်းသန့် က ဒဏ်ရာများကို ဂရုစိုက်မည် မဟုတ်သည်ကို . . .
အဖေတူသား စိတ်ဓာတ် မာကျောသော ရှင်းသန့်က လွယ်လွယ်နှင့် လုံး၀ ပျော့ကျသွားမည် မဟုတ် . .။
ခြူးနန္ဒာ နဲ့ အမြန် လက်ထပ်ပေးရန် စီစဉ်ထားသော်လည်း ဦးဟန်သာဆီမှ ဖုန်းဆက်လာသည်က . . .
"ခြူး မရှိတော့ဘူး ဦးမင်းနောင် ရေ "
"ဘာဗျ ! ဘယ်လို ဖြစ်တာလဲ "
"သမီးက ကျွန်တော်တို့ စီစဉ်တာ လုံး၀ လက်မခံ နိုင်ဘူး လို့ စာရေးပြီး ထွက်ပြေးသွားတယ် ။ ကျွန်တော်တော့ သမီး မကြိုက်တာ မလုပ်ချင်ဘူး။ နောင် အေးဆေး မှ မဂ်လာကိစ္စ ဆက်ပြောကြတာပေါ့ "
ဦးဟန်သာ ဖုန်းချသွားတော့ ဦးမင်းနိုင် ငြိမ်နေမိသည်။
ဒီ ပုံစံနှင့် ဆက်သွားလို့ မဖြစ် . . . . သူ တခုခု ကြံမှ ဖြစ်မည်။
ခေါင်းထဲ ရောက်ရှိလာသော အကြံတခုကြောင့် ဦးမင်းနိုင် အောင်နိုင်သူ အပြုံးပြုံး တခုနဲ့ ရှင်းသန့် ရှိရာ အခန်းဆီ ဦးတည်လိုက်သည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
အခန်းအပြင်ဘက်မှ သော့ဖွင့်သံ ကြားလိုက်ရချိန်တွင် ထမင်း လာပို့သူ နောက် တခေါက် ပြန်လာသည် ဖြစ်မည် ဟုတွေးရင်း ရှင်းသန့် နံရံကို မှီလျက် မျက်လုံးများ မှိတ်ထားလိုက်သည်။
" မင်းပုံစံက လုံး၀ အရှုံးသမားပုံပဲ "
လှောင်ပြောင်မှုများ ပြည့်နေသော အသံပိုင်ရှင်ကြောင့် မျက်လုံးများ ဖွင့်ပြီး အသံပိုင်ရှင်ကို စူးစူးရဲရဲ ကြည့်လိုက်တော့ . . .

BẠN ĐANG ĐỌC
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...