Chapter 33

9.3K 714 11
                                    

"ကိုကို ဘာတွေ ကြည့်နေတာလဲ "
 
  မှန်ပြတင်း အပြင်ကို ငေးကြည့်နေမိသော ရှင်းသန့် ပခုံးပေါ်ကို ခေါင်းလေး မှီရင်း မေးလာသော လရိပ်ရဲ့ ခါးလေးကို ဖက်ထားလိုက်ရင်း

" ကိုကို တွေးနေတာက ကိုကို့ မှာ အခု ကားရော ပိုက်ဆံရော ဘာမှ မရှိတော့ဘူး ။ ကိုကို ပိုင်တာဆိုလို့ ဒီ condo ပဲ ရှိတော့တာ "

"အဲ့ဒီတော့ "

" ကိုကို ဘွဲ့ရတာနဲ့ အလုပ်တန်း ရှာရမှာ ဒါပေမယ့်. . . . .ရပါ့မလား တွေးမိရင်း ရင်လေးနေမိတယ် "

"ကိုကိုကလည်း လရိပ်မှာ အလုပ်ရှိတဲ့ဟာကို ကိုကို အလောတကြီး အလုပ်ရှာစရာ မလိုပါဘူး။ လရိပ် ကိုကို့ကို ရှာကျွေးမှာပေါ့ "

   လရိပ်ရဲ့ ထို စကားလေးက ရှင်းသန့်ကို ပြုံးသွားစေသည်။

"ခင်ဗျားလေးက ကိုကိုရဲ့ သကြားဖေဖေ ပေါ့လေ "

  ပါးနုနု လေးကို ဖွဖွလေး ဆွဲညစ်ရင်းနောက်လိုက်တော့

"အင်းပေါ့ "

‌မျက်နှာပြောင်ပြနေသော လရိပ်ကြောင့် လေးလံနေသော စိတ်များ ပေါ့ပါးသွားရပြီး

   ချစ်ရသူရဲ့ နှုတ်ခမ်းဖူးဖူးလေးကို အနမ်းပန်းလေးတွေ တ၀ကြီး ခြွေချလိုက်သည်။

" ကိုကိုက အရည်အချင်းရှိတဲ့ လူတယောက်ပဲ အရာရာ အဆင်ပြေမှာပါ  "

"ကိုယ့်ကို အမြဲ နားလည်ပေးပြီး အားပေးလို့ကျေးဇူးပါ လရိပ်လေးရယ် "

  သူ့ ကို အမြဲ နားလည်မှု ပေးတတ် သော လရိပ်ရောင် ကို ပိုင်ဆိုင်ရထားသော သူသည်

   ဒီလောကတွင် ကံအကောင်းဆုံး လူသားတယောက် ဖြစ်သည်ကို ကျိန်ပြောရဲသည်။

  ✨✨✨✨✨✨✨✨✨✨✨✨✨

"Congratulations ပါ ကိုကို "

"Wow! ကျေးဇူး ချစ်လေး"

  ဘွဲ့အရုပ်လေး နဲ့ သူ့ရဲ့ graduation ceremony ကို ရောက်လာခဲ့သော လရိပ်ကို

   သူ ဆွဲပွေ့ လိုက်ရင်း ပါးလေးကို အနမ်းပန်းလေးတပွင့် ပေးလိုက်တော့

   စကားပြောသံများ နဲ့ ဆူညံနေသော ဘွဲ့သဘင် ခန်းမ တခုလုံး

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now