Chapter 49

13.7K 669 24
                                    

   တိတ်ဆိတ်နေသော ဤအခန်းငယ်လေး ထဲတွင် ရှင်းသန့်၏ တိုးတိတ်သော အသက်ရှုသံ တခုမှ အပ တိတ်ဆိတ်မှုများက အပြည့် . . . . .

      ဒီနေ့က အဖေ ဆုံးသည်မှာ တလ ပြည့်သော နေ့ဖြစ်သည်။

      အဖေ့ အတွက် ရည်စူးပြီး အမေ တယောက် အလှူအတန်းများ ပြုလုပ်ပေးပေမယ့် . . . . .

. . . . .   သူ မသွားဖြစ်ခဲ့ ။

     အဖေ သေရသည်မှာ သူ့ အပြစ်များလည်း တ၀က် ပါသည် ဟူသော အသိစိတ် တခုက သူ့ကို တားနေသည်။

       သူ့ အပြစ် မဟုတ်ပါဟု အမေ အပါအပါအ၀င် လူအများက ပြောလာကြပေမယ့် ထို အတွေးများကို သူ မရပ်တန့်နိုင်ခဲ့ ။
    

" ကိုကို "

      ချစ်ရသူ၏ သူ့ နာမည်ကို ခေါ်လိုက်သံလေးကြောင့်

" ပြော ချစ် "

       အတွေးများကို ဖြတ်ရင်း အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တော့ . . . .

" ကိုကို အဆင်ပြေရဲ့လား ?"

       သူ့ အပြုံးများကို အမြဲ ထိုးဖောက် မြင်နိုင်သော လရိပ်ရောင်၏ အမေးကို

" အင်း အဆင်ပြေပါတယ် "

       သူ့ရဲ့ ဟန်ဆောင် အပြုံးကို ဆက်လက် တပ်ဆင်ရင်း ဖြေလိုက်တော့

    လရိပ်က သူ မပြောချင်သော စကားကို နားလည်ပေးပြီး ဆက်မပြောတောါ

" ကိုကို့ကို ချစ်တယ် "

     သူ့ ရင်ခွင်ထဲကို အလိုက်တသိ တိုး၀င်ရင်း နှစ်သိမ့် စကားလေး ပြောလာတော့

" ကိုကိုလည်း လရိပ်ရောင်ကို ချစ်တယ်"

     နဖူးလေးကို ဖွဖွလေး နမ်းရင်း ပြောလိုက်သော သူ့ နှုတ်ခမ်းပေါ်တွင် အပြုံး အတုများ ပျောက်ကွယ်သွားပြီး

         ကြည်နှုးမှုများ ၊ အပျော်များ နှင့်ပြည့်နေသော စစ်မှန်သော အပြုံးလေး တခု တဖန် ပွင့်လန်းလာသည်။

✨✨✨✨✨✨✨✨✨✨✨✨✨

      ဒီနေ့လေးက လရိပ်၏ ဘ၀တွင် အရေးကြီးသော နေ့များထဲတွင် တခု အပါအ၀င် ဖြစ်သည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now