"ငါတို့ ဆိုင်က အောင်မြင်လာတော့ အခုလို တိုက်ခိုက်တဲ့ လူတွေ ပေါ်လာတာပေါ့ "
မင်းသူရဲ့ အပြောကို လရိပ်တို့ သူငယ်ချင်း 5 ယောက်လုံး သက်ပြင်းချရင်း ထောက်ခံ ရူံမှအပ ဘာမှ မတတ်နိုင် ။
အခုတလော လရိပ်တို့ သူငယ်ချင်း 5 ယောက်၏ လုပ်ငန်း အဆင်မပြေ . . . .
နာမည် တလုံးနဲ့ အလုပ်လုပ် ရသော designer လောကတွင် လရိပ်တို့ သူငယ်ချင်းများ ၏ နာမည်ပျက်အောင်
တစုံတယောက်က acc အတုများနှင့် fashion Castle မကောင်းကြောင်း အပုတ်ချနေသည်မို့ စိတ်ညစ်နေကြရသည်။
"ဒါပေမယ့်လည်းကွာ တမင် negative review တွေ လျှောက်ဖြန့်ပြီး ငါတို့ ဆိုင်ကို နာမည်ဖျက်တာကတော့ မိုက်ရိုင်းလွန်ပါတယ် "
"စိတ်လျှော့ပါ အာကာရယ် "
ဒေါသနဲ့ အသားများ တုန်နေသော အာကာကို သူငယ်ချင်းများက စိတ်လျှော့ရန် အတန်အတန်ပြောနေကြပေမယ့်
လရိပ်တို့ အားလုံး အာကာလိုမျိုး ခံစားနေရကြသည်ကို ငြင်းမရ ။
အာကာက အနေအေးပေမယ့် မဟုတ်မခံ . . . . . သူ အခု ကိစ္စ အတွက် အရမ်း ခံစားနေရသည်။
ညကလည်း လရိပ်ကို ဖုန်းနဲ့ ရင်ဖွင့် လာတော့ . . . .
ရှင်းသန့် ကို လရိပ်တို့ ပြသနာများနဲ့ ခေါင်း မရှုပ်စေချင်သဖြင့် ရှင်းသန့် မယုံမည်ကို သိလျက်နဲ့ လိမ်ပြောခဲ့ရသေးသည်။
ရှင်းသန့် ဆိုမှ အချိန်ကိုက် ရှင်းသန့် ဆီမှ ဖုန်း ၀င်လာတော့ . . . .
"ဟုတ် ကိုကို "
" ချစ်လေး အခု ဘယ်မှာလဲ "
"Uni မှာလေ ဘာလို့လဲ ကိုကို "
ရှင်းသန့် အသံက ထူးထူးခြားခြား တမျိုးဖြစ်နေသည်ကို သတိထားမိလိုက်သည်။
" ကိုကို အပြန်ကျ လာခေါ်မယ် ကိုကိုတို့ ဒီနေ့ date ကြရအောင် "
အခုတလော ရှင်းသန့်ကလည်း Hotel မှာ အလုပ်ရှုပ်နေသလို
လရိပ်ကလည်း final year ရောက်နေပြီမို့ စာတွေများလာသောကြောင့်
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...