ဒီနေ့ ဖေဖေ့ အိမ်မှာ ကျင်းပမည့် party အတွက် လရိပ် လိုအပ်သော ပစ္စည်းများကို ရွေးနေစဉ်
အမှတ်မထင် အကြည့်ရောက်သွားမိသည်က ဆိုင်ထဲသို့ ၀င်လာသော ကောင်မလေး နှစ်ယောက်
ခတ်ဆန်သော အ၀တ်အစားများကို ၀တ်ဆင်ထားသော မိန်းကလေး နှစ်ယောက်၏ အကြည့်များက ရှင်းသန့် ဆီမှာ
ရှင်းသန့်ကို ကြည့်ရင်း တီးတိုးပြောနေသည်ကို ရှင်းသန့် ကတော့ မသိ
ဖုန်းနဲ့ email ပို့နေသည်မို့ လုံး၀ သတိမထားမိ
သတိထားမိသော လရိပ် ကတော့ ထို မိန်းကလေး နှစ်ယောက်ကို မသကာစွာ စောင့်ကြည့်နေချိန်
ကောင်မလေး နှစ်ယောက်ထဲမှ တယောက်က ရဲတင်းစွာ ရှင်းသန့် အနား ကတ်လာသည် မို့ အံ့ဩသွားရသည်။
" ကိုကို "
ကောင်မလေးက ကိုကိုဟု ခေါ်လိုကိတော့
"ပြော ချစ်"
ရှင်းသန့် ရုပ်တရက်မို့ ယောင် ထူးလိုက်မိသည်ကို လရိပ် လုံး၀ မကျေနပ်နိုင်
"ခ်ခ် ချစ်တဲ့ "
ကောင်မလေး နှစ်ယောက် တခစ်ခစ် ရယ်ကြတော့သည်။
" Sorry ကျွန်တော် က . . . "
ရှင်းသန့် စကားတောင် မဆုံးလိုက်ရ အနားကတ်လာသော ကောင်မလေးက ရဲတင်းစွာ ရှင်းသန့် လက်ကို ကိုင်ရင်း
" ကိုကိုက သိပ်ချောလို့ ညီမတော့ အရမ်း ကြွေသွားပြီ အကို့ acc ညီမသိလို့ရမလား"
လရိပ် တယောက်လုံး ဘေးမှာ ရပ်နေည်ကို လာကြောင်ရဲသည်ကို အံ့ဩလို့မဆုံးသလို လုံး၀ တင်းသွားရတော့သည်။
"ကိုကို ချစ်တို့ သွားကြမယ် "
ထို ကောင်မစုတ်လေးကို ကြောင်ကြည့်နေသော လရိပ်ရဲ့ လူကြီးကို လက်ဆွဲခေါ်ရင်း ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။
"သေစမ်း သေစမ်း "
" ဘာလုပ်တာလဲ ချစ်ရဲ့ "
ကားပေါ်ရောက်သည်နဲ့ လက်သီးသေးသေးလေးနဲ့ လူတကိုယ်လုံးကို လရိပ်က လာထုတော့ ရှင်းသန့် တားလိုက်ပေမယ့် လရိပ်က မရ ရအောင်ကို ထုတော့သည်။

ESTÁS LEYENDO
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Novela Juvenilဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...