Chapter 11

16.7K 1.2K 24
                                    

   မနေ့က ရှင်းသန့်ကိုစိတ်ဆိုးမိနေသဖြင့် Alvin ကို ဂရုမစိုက်မိသည်ကို အားနာသောကြောင့်  Alvin နဲ့ အတူ မနက်စာစားပြီး  ရန်ကုန် မြို့ အနှံ့လိုက်ပြဖို့ အစောကြီး ပြင်ဆင်ထားလိုက်သည်။

    မှန်ထဲက မိမိပုံကို တချက်ကြည့်လိုက်တော့ မှန်ထဲတွင် မိုးပြာရောင် hoodie လေးနဲ့ skinny jeans အမဲလေး ၀တ်ဆင်ထားသော ကောင်လေးက ပြုံးပြနေသည်။

  မိမိ ကိုယ့်ကိုကိုယ် cute လိုက်တာဟု တချက် ကိုယ့် ငါးချဉ်ကို ချဉ်လိုက်ပြီး  လွယ်နေကျ လွယ်အိတ်လေးကို လွယ်ပြီး အောက်ကို ဆင်းလာလိုက်သည်။

"လရိပ် ကို နဲ့ ခဏ စကား ပြောရအောင် "

လရိပ်ရဲ့ ကြည်လင်နေသော စိတ်ကို ညစ်သွားအောင် လုပ်လိုက်သူက ဖေဖေ့ရဲ့ လုပ်ငန်း partner လည်းဖြစ်သူ အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်သူ  ဦးသီဟ. .။

   အသက် ၄၀ ကျော် ဦးသီဟ က 'ကို' ဟု သုံးခြင်းကို မနှစ်မြို့မိ။

  " ကို "ဟု အသုံးပြုခြင်း အားဖြင့် ဖေဖေ အိမ်တွင်မရှိတာ သေချာသည်ကို သိလိုက်ရသည်။

    ဖေဖေ့ရှေ့တွင် "ဦး" ဟူသော နာမ်စား အသုံးပြုတတ်ပြီး ဖေဖေ့ကွယ်ရာတွင် "ကို" ဟုသုံးတတ်‌သော သူ၏ လရိပ်ကို ကြည့်နေသော မျက်လုံးများကို လရိပ် မနှစ်မြို့။

"ဖေဖေ အိမ်မှာ မရှိဘူး "

" အင်း ဒေါ်လုံး ပြောတယ် "

   ထုံးစံအတိုင်း ဖေဖေ အိမ်မှာ မရှိချိန် ရွေးလာခြင်း ဖြစ်ကြောင်း သိ‌နေသည်မို့ ဘာမှ ဆက်မပြောချင်တော့ . . .

"ကျွန်တော် ချိန်းထားတာ နောက်ကျနေတော့မယ် "

"ခဏလေးပါ "

  ထွက်သွားရန် ပြင်လိုက်သော လရိပ် လက်ကို လှမ်းဆွဲရန် ကြိုးစားလိုက်သည်မို့ လရိပ် လက်ကို ရုပ်သိမ်းလိုက်သည်။ 

" ဘာပြောချင်လို့လဲ "

လက်ကို ပိုက်လိုက်ရင်း ခပ်မာမာ မေးလိုက်တော့ . . .

ဦးသီဟ သက်ပြင်းတချက် ချလိုက်ပြီး လက်ထဲက ကိုင်လာသော shopping bag များကို ထိုးပေးလိုက်သည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now