Part ❤️1💚

25.1K 667 16
                                    

Wang Yibo Bio Intro ;

-ကျွန်တော်က XZ groups က CEO တစ်ယောက်ပါ ကျွန်တော်နာမည် ဝမ်ရိပေါ်
--ကျွန်တော်ကငွေကြေးဥစ္စာပစ္စည်းကြွယ်ဝချမ်းသာသော်လဲ အချစ်နဲ့မေတ္တာရေးမှာတော့မချမ်းသာခဲ့ပါဘူး
--ကျွန်တော်မအောင်မြင်ခင်တုန်းက ကြိုက်ခဲ့ဖူးတဲ့တစ်ယောက်တည်းသောရည်းစားကလဲကျွန်တော့်ထက်သာတဲ့သူတွေ့တော့သူများနောက်ကောက်ကောက်ပါအောင်ပါသွားခဲ့တယ်
-အဲ့ကတည်းက အချစ်နဲ့မေတ္တာတစ်ရားဆိုတာငွေထက်အရေးမကြီးဘူးလို့ ခံယူထားတဲ့သူပေါ့
-ကျွန်တော်ကအတ္တလဲနည်းနည်းကြီးသလို ကိုယ်လိုချင်တာရှိရင်လဲဘယ်လိုနည်းနဲ့မဆိုအရယူတဲ့သူမျိုးပါ
-ကျွန်တော့ဘဝမှာသူနဲ့မတွေ့ခင်အထိ ကျွန်တော်လက်ထပ်ချင်တဲ့သူဆိုတာမရှိခဲ့ပါဘူး

Xiao Zhan Bio Intro ;

-ကျွန်တော့နာမည် ရှောင်းကျန့် ကျွန်တော်ကအခုမှအနုပညာတက္ကသိုလ်မှာ ပန်းချီသင်တန်းအထူးပြုကိုဒုတိယနှစ်တက်နေတုန်းပါ ကျွန်တော့ဘဝကရိုးရှင်းပါတယ် တစ်နေ့တစ်နေ့ ကျောင်းသွားပန်းချီဆွဲ သူငယ်ချင်းတွေနဲ့လျောက်လည်ပြီး ဘဝကိုပျော်ရွှင်မှု့နဲ့တည်ဆောက်နေသူပေါ့
-ငယ်ငယ်တည်းကကျွန်တော့မိဘတွေရဲ့အေးချမ်းလှတဲ့နွေးထွေးတဲ့မေတ္တာတရားအောက်မှာ ကိုယ်ဝါသနာပါရာကိုလုပ်ကိုင်ရင်း အေးချမ်းတဲ့ဘဝကိုဖြတ်သန်းရင်းပေါ့
-ကျွန်တော်က အချစ်ဆိုတာကိုယုံကြည်တဲ့သူတစ်ယောက် တန်ဖိုးလည်းထားတတ်သူတစ်ယောက်ပါ ဒါကြောင့်ချစ်ခြင်းတရားကိုပေါ့ပေ့ါတန်တန်သဘောထားပြီးဆော့ကစားတတ်သူတွေနဲ့ကင်းကင်းလဲနေတတ်ပါတယ်
-လူတစ်ယောက်နဲ့မဆုံခင်အထိကျွန်တော့ဘဝကအေးချမ်းခဲ့ပါတယ်


"ဝမ်နင် ဒီနေ့အစည်းအဝေးဘယ်အချိန်လဲ?"

"နေ့လည် ၁နာရီမှစမှာပါ အစ်ကိုလေး"

"ငါပြောထားတာတွေအဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့..အားလုံးအဆင်သင့်ပါပဲ"

"အေး.. အခန်းထဲရောက်မှ လိုတာတွေငါမလိုချင်ဘူးနော် ပြဿနာဖြစ်လာရင် အပြစ်ပေးတာသိတယ်မလား"

"ဟုတ်..ဟုတ်ကဲ့"

ဝမ်နင်တစ်ယောက် ဟုတ်ကဲ့သာပြောနေတာ အစ်ကိုလေးကိုကြည့်ပြီး ခေါင်းကျိန်းနေတယ် ယူလာတဲ့ဖိုင်တွေကိုလဲ စုံမစုံပြန်စစ်နေမိတယ် အားလုံးပြည့်စုံနေပေမယ့် တစ်ခုခုလိုသွားမှာတွေးကြောက်နေမိတယ် အစ်ကိုလေးကမှာထားလို့လွဲသွားရင် ဒေါသထွက်လာရင်အရမ်းကြောက်ဖို့ကောင်းတယ် သူတောင်အစ်ကိုလေးနဲ့တွဲလုပ်နေတာကြာလှပြီ အပြစ်နဲ့ပက်သက်လာရင်လူရင်းရယ်လူစိမ်းရယ်မခွဲ ပြတ်သားရက်စက်စွာအပြစ်ပေးတတ်သူ
-ဝမ်ရိပေါ် အစည်းအဝေးခန်းထဲသို့ခြေလှမ်းကျဲများဖြင့်လှမ်းဝင်လိုက်သည် ဒီနေ့ company ရဲ့ဖြန့်ဖြူးမယ့်ကုန်ပစ္စည်းအသစ်နမူနာကို သူများလက်ထဲရောက်အောင်ခိုးထုတ်သွားသော သူကိုအရေးယူမယ့်ကိစ္စကိုတိုင်ပင်ဆွေးနွေးရမည့် အစည်းအဝေး အခန်းထဲအားလုံးလူစုံနေပြီ သူလှမ်းဝင်လိုက်တာနဲ့ လူအားလုံးရဲ့အကြည့်တွေသူ့ဆီစုပြုံရောက်ရှိလာသည်။

တိမ်ကလေးရဲ့ကောင်းကင် (Complete)Where stories live. Discover now