part-36

5.1K 236 13
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(36)

****လုံခြုံရေးတွေနောက်ကနေပြေးလိုက်တာကြောင့် ခြံတံခါးကိုအပြင်ကနေတစ်ခုခုနဲ့ကလန့်လို့ရမဲ့ဟာကိုမျက်စိကစားကြည့်လိုက်သည်……တွေ့ပြီကွ……အုတ်တံတိုင်းနားမှာသစ်ကိုင်းခြောက်တစ်ခု…..သော့ခလောက်ခတ်လို့ရမယ့်အပေါက်လေးထဲသစ်ကိုင်းကိုအတင်းထိုးထည့်ပြီးရှောင်းကျန့်လမ်းထိပ်ကိုသုတ်ခြေတင်တော့သည်……အစားတစ်လုပ်ရှာစားရတာလဲမလွယ်ပါလားကွာ….ဟူးး…………

****ကြက်ခြေထောက်တစ်ပွဲ…..ဆိုင်ထဲကထောင့်နားလေးကခုံမှာထိုင်ပြီးခပ်တည်တည်ပဲမှာလိုက်တယ်…..တစ်အောင့်နေတော့သရေယိုစရာကြက်ခြေထောက်ပန်းကန်ကြီးကရှောင်းကျန့်မျက်စိရှေ့မှာစိန်လာခေါ်တဲ့အကြည့်နဲ့မျက်စပစ်ပြနေလေရဲ့…ဟွန်း..ဟွန်း….စားရချည်သေးရဲ့…ရှလွတ်….ပါးစပ်ကိုလျှာနဲ့သပ်ကာလက်အိပ်စွပ်ပြီးစားရန်ပြင်နေတုန်း…………ဟ…ဟ..ဘာလဲဟ….ထိုင်နေတဲ့ခုံနားလာရပ်လိုက်တဲ့လူတွေကြောင့်ကြည့်လိုက်တော့မှအိမ်ကအစောင့်တွေ…..ချွေးတွေသီးနေကာမောဟိုက်နေတဲ့ပုံတွေနဲ့လေးယောက်သားရှောင်းကျန့်ကိုကြည့်နေကြတယ်……….ရှောင်းကျန့်လက်ညှိုးလေးတစ်ချောင်းထောင်ကာ……တစ်ချောင်းတည်း…တစ်ချောင်းတည်းစားမှာပါလို့….နော်….ကိုကို့ကိုပြန်မတိုင်ကျပါနဲ့နော်……..

****မရဘူးအစ်ကိုလေး…ကြက်ခြေထောက်မပြောနဲ့အိမ်ကနေထွက်တာသာသိရင်ကျွန်တော်တို့ပါအဆဲခံရမှာ……ရှာလိုက်ရတာဗျာ……….ပြန်လိုက်ခဲ့ပါအစ်ကိုလေးရယ်….တောင်းပန်ပါတယ်……အဲ့ခြေထောက်တွေလဲပါဆယ်ထုပ်ခဲ့ပါနော်……………လေးယောက်သားမျက်နှာငယ်လေးတွေနဲ့ရှောင်းကျန့်ကိုတောင်းဆိုနေကျတာ…..ဟွန်း…….ပါဆယ်ထုပ်သွားရမယ်ဆိုတော့လဲမဆိုးပါဘူး…..ပြန်တာပေါ့အိမ်ကို……

****ရှင်းမယ်….ရှောင်းကျန့်ပိုက်ဆံရှင်းရန်ခေါ်ရင်းအိတ်ထဲနှိုက်တော့……ဟိုက်..သေပြီ….ပိုက်ဆံမပါလာဘူး…..ဘေးကလေးယောက်ကိုကြည့်ကာ…..ပိုက်ဆံနည်းနည်းလောက်ပါရင်ချေးပါလား…..ပိုက်ဆံရှင်းဖို့မပါလာလို့……

****အစ်ကိုလေးရာ…..ဘယ်လိုလုပ်ပိုက်ဆံပါမှာလဲ….ဒီလောက်အလောတကြီးပြေးလွှားရှာနေရတာကို…..လေးယောက်သားခေါင်းတဗျင်းဗျင်းကုတ်ရင်းငိုချင်တဲ့ပုံတွေပေါက်လာပြီ…….

တိမ်ကလေးရဲ့ကောင်းကင် (Complete)Onde histórias criam vida. Descubra agora