part-37

4.9K 232 0
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(37)

****ဝမ်နင်မောင်းသောကားလေးက ည(1) နာရီကျော်မှာ ပေကျင်းရဲ့ပုဂ္ဂလိကဆေးရုံတစ်ခုရှေ့မှာထိုးဆိုက်သွားရင်း……ကားထိုးရပ်တာနဲ့သူနာပြုနှင့်ဆရာဝန်များပြေးထွက်လာကာရှောင်းကျန့်ကိုလူနာတင်စင်ပေါ်အသာယာတင်ရင်းအတွင်းသို့အပြေးတစ်ပိုင်းတွန်းသွားကျသည်………တွန်းလှည်းဘေးမှကပ်ရပ်လိုက်ပါလာသောဝမ်ရိပေါ်မှာလှည်းပေါ်မှ မျက်ရည်လည်ရွဲနဲ့ သူ့လက်ကိုဆုပ်ကိုင်ထားသောရှောင်းကျန့်ကိုလက်ချင်းဖျစ်ညှစ်ရင်းပါလာသည်…………

****ကလေး…..မကြောက်နဲ့နော်…ဘာမှမဖြစ်ဘူးသိလား….အဆင်ပြေသွားမှနော်….ကိုယ်အားလုံးစီစဉ်ထားတာမို့ဘာမှမကြောက်နဲ့…ကိုယ်လဲဘေးနားမှာရှိမှာနော်…….ချွေးတွေနဖူးမှာစို့နေတဲ့မျက်နှာလေးနဲ့အားယူပြုံးပြနေသောသူ့ကလေးကြောင့်ဝမ်ရိပေါ် စိုးရိမ်ကြီးနေမှု့ကိုအတတ်နိုင်ဆုံးဖြေလျော့နေရသည်……သူပါတုန်လှုပ်နေရင်သူ့ကလေးကပိုအားငယ်လိမ့်မယ်လေ…………..

****ခွဲခန်းထဲသို့တွန်းလှည့်းဝင်ရန်အတွက်ရှောင်းကျန့်ကိုအစိမ်းရောင်ခွဲခန်းဝတ်စုံကိုအမြန်ပဲ သူနာပြုတွေလဲပေးရင်းခွဲစိတ်ခန်းထဲသို့တွန်းလှည်းလေးဝင်သွားတော့သည်...........

****တစ်အောင့်ကြာတော့…လူနာရှင်ရှောင်းကျန့်ရဲ့အမျိုးသားလက်မှတ်လေးထိုးပေးပါရှင် ………ခွဲစိတ်ခန်းမှသူနာပြုလေးတစ်ဦးကဝမ်ရိပေါ်ရှေ့တည့်တည့်ကိုလာကာ….စာရွက်ဖြူဖြူလေးတစ်ရွက်ကိုထိုးပေးသည်……..

****လူနာရှောင်းကျန့်..ဘာဖြစ်လို့လဲဆရာမ……ဝမ်ရိပေါ်စာရွက်ကိုတုန်ယင်နေသောလက်ဖြင့်လှမ်းယူကာမေးခွန်းဆက်တိုက်မေးရင်း……..

****ဟို……လူနာကလေ…သူ့ရဲ့ကိုယ်ဝန်ဆောင်ဖို့အတွက်အစားထိုးခွဲစိတ်ထားတဲ့ဟာကလေ…အသားလုံးလိုမျိုးအပိုတစ်ခုဖြစ်နေလို့…အဲ့တာပါရဂူကြီးက..ကလေးကိုလက်ရှိမထိခိုက်ပေမယ့်..ဒီအတိုင်းဆက်ပြီးထားရင်လူနာအတွက်ရေရှည်မှာအန္တရာယ်ရှိလာနိုင်လို့တစ်ခါတည်းခွဲစိတ်ဖို့အတွက်သဘောတူညီကြောင်းလက်မှတ်ထိုးပေးခိုင်းတာပါရှင့်………အမြန်လေးလုပ်ပေးပါနော်…အချိန်ဆွဲလို့မရပါဘူးရှင့်………

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora