part-29

4.3K 230 2
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(29)

****မနက်ခင်းနေရောင်ပျပျလေးကအခန်းတွင်းကာထားသောခန်းဆီးစကိုကျော်ကာဖြာကျလာသည်……..ရှောင်းကျန့်ဒီနေ့သွားရတော့မည်….သူ့ကိုဖက်ကအိပ်မောကျနေသော….ကိုကို့မျက်နှာကိုငေးကြည့်ကာ….နဖူးပေါ်ဝဲကျနေသောဆံပင်စလေးများကိုသပ်တင်ပေးရင်းဖွဖွလေးနမ်းလိုက်သည်…..နဖူးလေးကိုနမ်းပြီးကိုယ်ကိုပြန်မတ်ချိန်ပါးပေါ်မျက်ရည်လေးလျောကနဲပြုတ်ကျလာကာ….ကိုကို့လက်ခုံလေးပေါ်ကျသွားတော့…..ကိုကိုလူးလွန့်သွားတာကြောင့်ရှောင်းကျန့်အသာငြိမ်နေလိုက်သည်……….

****ဝမ်ရိပေါ်အိပ်နေရင်းစိုစွတ်စွတ်အရာကလက်ပေါ်ထိတွေ့လာသလိုခံစားမိတာကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်မိကာ….သူ့ဘေးနားငုတ်တုတ်လေးထိုင်ရင်းတစ်ဖက်သို့လှည့်နေသောကလေး……ရိပေါ်အသာထကာရှောင်းကျန့်ပေါင်ပေါ်ခေါင်းအုံးရင်းခါးလေးကိုဖက်ကာပြန်မှိန်းလိုက်သည်…….မနေ့ညကသူ့တို့အိပ်ခန်းလေးကို..ကလေးလာမယ်လို့မထင်ထားတာကြောင့်အရမ်းကိုဝမ်းသာနေတာ……သူ့နဲ့ပြဿနာဖြစ်ပြီးကတည်းက….ကလေးကလုံးဝကိုရိပေါ်ကိုရှောင်နေတာ……အရမ်းလဲငိုနေတာကြောင့်သူ့ကိုမြင်ရင်ပိုပြီးစိတ်ဆင်းရဲမှာစိုးလို့သွားလဲမခေါ်ရဲပေမယ့်ပြန်လာတာနဲ့အဖွားရင်တို့ကိုဒီနေ့ရောငိုသေးလား…ထမင်းမှန်အောင်ရောစားရဲ့လားစိတ်ပူစွာမေးရလွန်းလို့အဖွားတောင်စနောက်နေပြီ……ကျင်းရွှယ်မိန်ဖက်ကတော့သူမနဲ့ရိပေါ်အိပ်ထားသောဖိုင်နဲ့ကိုင်ပေါက်နေပေမယ့်ဂရုမစိုက်ပေ……ရိပေါ်ကိုယ်တိုင်မကျူးလွန်ဘူးဆိုတာကိုယ့်ဘာသာအာမခံနိုင်သည်…..အခုလဲဧည့်ခံပွဲညကကိစ္စကို ပွဲကျင်းပသောသူကိုအကူညီတောင်းကာအနီးအနားက CCTV တွေကိုပြန်စစ်ဆေးခိုင်းတော့သူကိုယ်တိုင်လိုက်သွားတာမဟုတ်တာကိုရှာတွေ့သည်….ရဲမှုးကိုအသေးစိတ်အချက်အလက်ဖိုင်များကိုအပ်ကာအသေရေဖျက်မှု့…..ပူးပေါင်းလုပ်ကြံမှု့…ကြိုတင်ကြံစည်ဆေးခတ်မှု့တွေနဲ့ကျင်းရွှယ်မိန်ကိုတရားစွဲထားပြီဖြစ်သည်………ဝမ်ရိပေါ်ဒီရက်ပိုင်းအဲ့ဒီကိစ္စတွေလိုက်လုပ်နေရတာကြောင့်အိမ်ကိုမိုးချုပ်မှပြန်လာရတာများသည်……..သူ့ရဲ့သိက္ခာတရားထက်..ကလေးအထင်လွဲပြီးသူ့ကိုရွံရှာသွားမှမလိုလားပေ……ပေါင်လေးပေါ်ခေါင်းအုံးရင်းအကျီအပါးလေးအောက်ကဝမ်းဗိုက်သားလေးတွေကိုနမ်းရှိုက်နေမိသည်………..ချစ်တယ်ဆိုတာထက်ပိုပြောလို့ရရင်ကိုယ်မင်းကိုပြောချင်တယ်ကလေး……

တိမ်ကလေးရဲ့ကောင်းကင် (Complete)Where stories live. Discover now