Part(5)***ဟိဟိ....အလျော်ပေးပြီးပြီနော်....ရပြီမလားနောက်ထပ် ထပ်လာမတောင်းနဲ့တော့...ရှောင်းကျန့်ပါးစပ်ကသာတတွတ်တွတ်ပြောနေတာ မျက်လုံးကဖြင့်မပွင့်တော့ပေ...သူဘာလုပ်မိနေမှန်းလဲကိုယ်တိုင်တောင်မဝေခွဲနိုင်တော့သောအခြေအနေဖြစ်နေပေပြီ...ဝမ်ရိပေါ်ကိုပြောချင်ရာပြောလုပ်ချင်တာလုပ်ပြီးဒယိမ်းဒယိုင်ဖြင့်လှည့်ထွက်ရန်ပြင်လိုက်သည်....
***နေဦး..ချာတိတ်..သူ့ရှေ့မှလှည့်ထွက်ရန်ပြင်နေသောကောင်လေးကိုဝမ်ရိပေါ်လက်မောင်းမှလမ်းဆွဲလိုက်သည်..သူလဲအခုမှစိတ်နဲ့လူပြန်ကပ်သလိုသတိဝင်လာသည်...အရှေ့ကမူးမူးနဲ့သူ့ကိုလုပ်ချင်ရာလုပ်ပြောချင်ရာပြောပြီးပါးစပ်ကလဲပွစိပွစိဖြင့် လှုပ်စိစိလုပ်နေသောကောင်လေးကိုအသည်းယားစွာကြည့်လိုက်သည်....
***မင်းကလုပ်ချင်တာလုပ်ပြီးပြန်တော့မလို့လား....ချာတိတ်ကိုလှမ်းကြည့်ရင်း..မင်းနာမည်ဘယ်လိုခေါ်လဲ...
***ရှောင်းကျန့်...အာလေးလျာလေးဖြင့်ပြန်ဖြေရှာသည်..
***မင်းကအလျော်ပေးပြီးပေမယ့် ကိုယ်ကမင်းလျော်ပေးတာကိုလက်ခံလား လက်မခံလားပြန်မမေးတော့ဘူးလား...ပြုံးစိစိဖြင့်ပြန်မေးလိုက်တော့ချာတိတ်ကသွားအဖြီးသားလေးဖြင့်မော့ကြည့်သည်...
***အင်..မကျေနပ်သေးဘူးလား...ခင်ဗျားကိုလျော်ပေးလိုက်တာတန်ဖိုးမနည်းဘူးနော်...ကျွန်တော့ရဲ့ first kiss ကိုလျော်ပေးလိုက်တာ...ပိုက်ဆံတစ်ပြားမှပါမလာလို့သိလား..နို့မို့ဆိုလျော်ပေးမှာမဟုတ်ဘူး.....နှုတ်ခမ်းလေးထော်ပြီးပြောနေသောကောင်လေး....
***မင်းတော်တော်ချစ်ဖို့ကောင်းတာပဲချာတိတ်...ပြီးတော့တော်တော်လဲချောတယ်...မင်းကစိတ်ဝင်စားအောင်ကိုယ့်ကိုလာလုပ်ပြီးမှဒီလိုပြန်ပြေးလို့ရမလား...အရှေ့ကကောင်လေးရဲ့ခါးကိုဆတ်ခနဲပြန်ဆွဲလိုက်တော့မူးနေသောအရှိန်နဲ့သူ့ရင်ခွင်ထဲအထွေးလိုက်လေးကျလာသည်.....နှုတ်ခမ်းသားနီတာရဲလေးကိုပြန်လည်ထိကပ်လိုက်ချိန်တော့....ဘယ်လောက်ကြာအောင်ထိကပ်ထားမိမှန်းမသိ...လက်ကလေးဖြင့်သူ့ရင်ဘတ်ကိုတဖတ်ဖတ်ရိုက်ပြီး...အတင်းတွန်းနေသောချာတိတ်ကြောင့်..သူလွှတ်ပေးလိုက်တော့...
CZYTASZ
တိမ်ကလေးရဲ့ကောင်းကင် (Complete)
Romansဒါလေးကကိုယ့်ရဲ့ပထမဦးဆုံး yizhan fic ကလေးပါအမှားပါရင်ကြိုပြီးတောင်းပန်ပါတယ်နော် စာဖတ်သူအားလုံးကျန်းမာရွှင်လန်းကြပါစေ🤗 🍎Unicode & Zawgyi ကသက်သက်ဆီခွဲထည့်ပေးထားပါတယ်🍎