part-14

5.1K 319 10
                                    

"တိမ်ကလေးရဲ့ကောင်းကင်"
Part(14)

****......ကျွန်တော်အခုရင်တွေအရမ်းခုန်နေတယ်လူကြီးရယ်.....တစ်ဖက်ကမေးသံကိုရှောင်းကျန့်ပြန်လဲမဖြေနိုင်သေး..........ကောင်းကင်မှာဝဲပျံနေသောရဟတ်ယာဉ်များနဲ့တဖွဲဖွဲကျနေသေးသောနှင်းဆီပွင့်ဖတ်များကိုသာ ငေးကြည့်နေသည်.............နှုတ်ခမ်းပါးပါးလေးကလဲပြုံးယောင်သမ်းနေသလို.....မျက်လုံးအိမ်လေးထဲမျက်ရည်ကြည်ကြည်လေးများလဲဝဲလို့နေသည်................လူတစ်ယောက်ကိုဒီလောက်ကြည်ကြည်နူးနူးခံစားနိုင်အောင်လုပ်တတ်တာ.......ခင်ဗျားတစ်ကယ်ကိုတော်လွန်းတယ်လူကြီး...............ကျွန်တော့်ကိုလာကစားနေတယ်ဆိုရင်တောင်ကျေနပ်စွာခံယူဖို့အသင့်ဖြစ်နေတာခင်ဗျားသိလား..........................

****ဖုန်းကိုပြန်ကိုင်ပေမယ့်...တစ်ဖက်ကအသံလေးကပြန်မထွက်လာပဲငြိမ်နေသည်.......တိတ်ဆိတ်နေသောဖုန်းလေးကိုနားမှာအသာကပ်ထားရင်းဝမ်ရိပေါ်တိတ်ဆိတ်နေမိသည်.................သူပေးသောလက်ဆောင်ကိုမကြိုက်လို့များလား..............အတွေးတွေယောက်ယက်ခတ်နေသည်..............ထိုစဉ်...............

****လူကြီး......တိုးရှရှအသံလေးထွက်ပေါ်လာသည်.............ကျေးဇူးတင်တယ်.....ပြီးတော့.....ပြန်လည်တိတ်ဆိတ်သွားသည်............

****ချာတိတ်......ဆက်ပြောလေ....ကိုယ်နားထောင်နေတယ်.......

****ကျွန်တော်အခုလေ.......လူကြီးကိုအရမ်းတွေ့ချင်တယ်..........ကျွန်တော့ဆီကိုလာပေးနိုင်မလား.............

****ကိုယ်အခုချာတိတ်ဆီတစ်ကယ်လာချင်တယ်............ဒါပေမယ့်ကိုယ့်စကားအတိုင်းရက် ၃၀ ပြည့်မှချာတိတ်ဆီလာမယ်နော်......နောက်ကျန်တဲ့ ၁၀ ရက်ကိုပန်းစည်းလေးတွေအပြင် ကိုယ့်ရဲ့တန်ဖိုးထားမှု့လေးတွေကို အပြည့်အဝခံစားပါဦး..............ကိုယ်လာတဲ့အချိန်ကျရင်ကိုယ်ကြားချင်တဲ့စကားလေး...ချာတိတ်ဆီကကြားနိုင်မလား..........ကိုယ့်ကိုကတိပေးနိုင်မလားကလေး..............ဝမ်ရိပေါ်တစ်ကယ်လဲချာတိတ်ဆီကအဖြေကိုမျော်လင့်မိသည်.................သူတစ်ကယ်ကလေးတစ်ယောက်အပေါ်ရူးသွပ်မိမယ်လို့မတွေးထားဘူးပေ...........

****ကျွန်တော်ကအခုတွေ့ချင်တာကို......လူကြီးကလဲ....ရှောင်းကျန့်နှုတ်ခမ်းလေးထော်နေသည်............ဒါနဲ့နောက်နေ့တွေပန်းတွေကိုအဲ့လိုမကြဲနဲ့နော်....ကျောင်းသန့်ရှင်းရေးလုပ်ရမယ့်သူတွေလူကြီးကိုလာရိုက်လိမ့်မယ်......အမှိုက်ဖွလို့.........ဒါပဲနော်လူကြီး............

တိမ်ကလေးရဲ့ကောင်းကင် (Complete)Hikayelerin yaşadığı yer. Şimdi keşfedin