Part-1(Zawgyi)

2.8K 72 9
                                    

Part(1)
Wang Yibo Bio Intro ; 
-ကျွန်တော်က XZ groups က CEO တစ်ယောက်ပါ ကျွန်တော်နာမည် ဝမ်ရိပေါ်
--ကျွန်တော်ကငွေကြေးဥစ္စာပစ္စည်းကြွယ်ဝချမ်းသာသော်လဲ အချစ်နဲ့မေတ္တာရေးမှာတော့မချမ်းသာခဲ့ပါဘူး
--ကျွန်တော်မအောင်မြင်ခင်တုန်းက ကြိုက်ခဲ့ဖူးတဲ့တစ်ယောက်တည်းသောရည်းစားကလဲကျွန်တော့်ထက်သာတဲ့သူတွေ့တော့သူများနောက်ကောက်ကောက်ပါအောင်ပါသွားခဲ့တယ်
-အဲ့ကတည်းက အချစ်နဲ့မေတ္တာတစ်ရားဆိုတာငွေထက်အရေးမကြီးဘူးလို့ ခံယူထားတဲ့သူပေါ့
-ကျွန်တော်ကအတ္တလဲနည်းနည်းကြီးသလို ကိုယ်လိုချင်တာရှိရင်လဲဘယ်လိုနည်းနဲ့မဆိုအရယူတဲ့သူမျိုးပါ
-ကျွန်တော့ဘဝမှာသူနဲ့မတွေ့ခင်အထိ ကျွန်တော်လက်ထပ်ချင်တဲ့သူဆိုတာမရှိခဲ့ပါဘူး

Xiao Zhan Bio Intro ;
-ကျွန်တော့နာမည် ရှောင်းကျန့် ကျွန်တော်ကအခုမှအနုပညာတက္ကသိုလ်မှာ ပန်းချီသင်တန်းအထူးပြုကိုဒုတိယနှစ်တက်နေတုန်းပါ ကျွန်တော့ဘဝကရိုးရှင်းပါတယ် တစ်နေ့တစ်နေ့ ကျောင်းသွားပန်းချီဆွဲ သူငယ်ချင်းတွေနဲ့လျောက်လည်ပြီး ဘဝကိုပျော်ရွှင်မှု့နဲ့တည်ဆောက်နေသူပေါ့
-ငယ်ငယ်တည်းကကျွန်တော့မိဘတွေရဲ့အေးချမ်းလှတဲ့နွေးထွေးတဲ့မေတ္တာတရားအောက်မှာ ကိုယ်ဝါသနာပါရာကိုလုပ်ကိုင်ရင်း အေးချမ်းတဲ့ဘဝကိုဖြတ်သန်းရင်းပေါ့
-ကျွန်တော်က အချစ်ဆိုတာကိုယုံကြည်တဲ့သူတစ်ယောက် တန်ဖိုးလည်းထားတတ်သူတစ်ယောက်ပါ ဒါကြောင့်ချစ်ခြင်းတရားကိုပေါ့ပေါ့တန်တန်သဘောထားပြီးဆော့ကစားတတ်သူတွေနဲ့ကင်းကင်းလဲနေတတ်ပါတယ်
-လူတစ်ယောက်နဲ့မဆုံခင်အထိကျွန်တော့ဘဝကအေးချမ်းခဲ့ပါတယ်

-ဝမ်နင် ဒီနေ့အစည်းအဝေးဘယ်အချိန်လဲ ?
-နေ့လည် ၁နာရီမှစမှာပါ အစ်ကိုလေး
-ငါပြောထားတာတွေအဆင်သင့်ဖြစ်ပြီလား
-ဟုတ်ကဲ့ အားလုံးအဆင်သင့်ပါပဲ
-အေး အခန်းထဲရောက်မှ လိုတာတွေငါမလိုချင်ဘူးနော် ပြဿနာဖြစ်လာရင် အပြစ်ပေးတာသိတယ်မလား
-ဟုတ်..ဟုတ်ကဲ့
-ဝမ်နင်တစ်ယောက် ဟုတ်ကဲ့သာပြောနေတာ အစ်ကိုလေးကိုကြည့်ပြီး ခေါင်းကျိန်းနေတယ် ယူလာတဲ့ဖိုင်တွေကိုလဲ စုံမစုံပြန်စစ်နေမိတယ် အားလုံးပြည့်စုံနေပေမယ့် တစ်ခုခုလိုသွားမှာတွေးကြောက်နေမိတယ် အစ်ကိုလေးကမှာထားလို့လွဲသွားရင် ဒေါသထွက်လာရင်အရမ်းကြောက်ဖို့ကောင်းတယ် သူတောင်အစ်ကိုလေးနဲ့တွဲလုပ်နေတာကြာလှပြီ အပြစ်နဲ့ပက်သက်လာရင်လူရင်းရယ်လူစိမ်းရယ်မခွဲ ပြတ်သားရက်စက်စွာအပြစ်ပေးတတ်သူ
-ဝမ်ရိပေါ် အစည်းအဝေးခန်းထဲသို့ခြေလှမ်းကျဲများဖြင့်လှမ်းဝင်လိုက်သည် ဒီနေ့ company ရဲ့ဖြန့်ဖြူးမယ့်ကုန်ပစ္စည်းအသစ်နမူနာကို သူများလက်ထဲရောက်အောင်ခိုးထုတ်သွားသော သူကိုအရေးယူမယ့်ကိစ္စကိုတိုင်ပင်ဆွေးနွေးရမည့် အစည်းအဝေး အခန်းထဲအားလုံးလူစုံနေပြီ သူလှမ်းဝင်လိုက်တာနဲ့ လူအားလုံးရဲ့အကြည့်တွေသူ့ဆီစုပြုံရောက်ရှိလာသည်
-အားလုံးလဲသိပြီးကျမှာပါ ဒီနေ့အစည်းအဝေးခေါ်ရတဲ့အကြောင်းအရင်းကို အားလုံးခေါင်းညိတ်သည်ကိုတစ်ချက်ကြည့်လိုက်ပြီး ကျွန်တော်တို့ဆီကခိုးထုတ်သွားတဲ့လူလဲသိပြီ ပစ္စည်းနမူနာလဲတစ်ဖက်လူဆီမရောက်သေးဘူးဆိုတော့ ခိုးထုတ်တဲ့လူကိုအပြစ်ပေးမယ့်ကိစ္စဆွေးနွေးတင်ပြချက်ကိုနားထောင်ရအောင်
-ခန်းမထဲကလူအားလုံးသူ့ဆီသို့မျက်နှာလှည့်လာကြသည် မန်နေဂျာရာထူးယူထားသောလူမှ ဟုတ်ကဲ့ ကျွန်တော်တို့ပစ္စည်းလဲ ပြန်ရပြီဆိုတော့ ကျွန်တော်တို့အားလုံး တိုင်ပင်ထားတာကတော့အဲ့ခိုးထုတ်တဲ့ဒီဇိုင်းဖက်ကဝန်ထမ်းကို အလုပ်ကထုတ်ပြီးကြံရာပါလူတွေပါအကုန်အလုပ်ထုတ်ဖို့တိုင်ပင်ထားပါတယ် CEO
-ဝမ်ရိပေါ် အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း ဒါပဲလားလို့မေးလိုက်တော့ အားလုံးတစ်ညီတစ်ညွတ်တည်းခေါင်းညိတ်ပြကျသည်
-ဒုန်း
-ဒေါသတကြီး စားပွဲပေါ်လက်သီးဆုပ်ဖြင့်ထုချလိုက်တာကြောင့် ခန်းမအတွင်းမှလူများအားလုံး ခါးတွေရောခေါင်းတွေရော မတ်သွားကျသည်
-သွားပြီ သူဋ္ဌေး ဒေါသပုန်ထနေပြီ အားလုံးလဲစိုးရိမ်တကြီး ဝမ်နင်ဘက်လှည့်ကြည့်လိုက်ကျသည်
-ဝမ်ရိပေါ် ဒေါသတကြီး ခင်ဗျားတို့အပြစ်ပေးတာ ဘယ်လိုဦးနှောက်နဲ့စဉ်းစားနေကျတာလဲ အလုပ်ထုတ်ရုံတဲ့ ပြောတတ်ကျတယ်နော် နောက်တစ်ခါဒါမျိုးမဖြစ်ဘူးလို့ ဘယ်သူ အာမခံနိုင်လဲ ကျွန်တော်ကတော့ခိုးထုတ်တဲ့သူရောကြံရာပါရော အားလုံးကိုတရားစွဲမယ် အလုပ်လဲဖြုတ်မယ် ဒီဇိုင်းရဲ့တန်ရာတန်ကြေးကုန်ကျစရိတ်အားလုံးကိုလဲပေးလျော်ရမယ်
-အားလုံးပါးစပ်အဟောင်းသားနဲ့သူဋ္ဌေးဝမ်ကိုကြည့်လိုက်ကျသည် အလုပ်ဖြုတ်ရုံတင်ရနေသောကိစ္စကို တရားစွဲမှတော့သူ့အင်အားနဲ့ဟိုဖက်ကလူကိုထောင်မကျကျအောင်ချတော့မှာ အားလုံးသိလိုက်သည် ဒါပေမဲ့လဲအားလုံးတစ်ခွန်းမှ မဟရဲကျပေ ခိုးထုတ်တဲ့သူကိုပဲအပြစ်ကြီးကြီးမားနဲ့ဒုက္ခရောက်အောင် သူဋ္ဌေးဝမ်ဘယ်လိုစီရင်မလဲပဲ စိတ်မချမ်းသာစွာစောင့်ကြည့်ရတော့မည်လေ
-ဝမ်နင်လဲသူ့ကို လှမ်းထိန်းပေးရန်ကြည့်သည့် အစည်းဝေးခန်းမှလူကြီးများကို အသာခေါင်းရမ်းပြရုံမှလွဲ၍ မတတ်နိုင် ဒီကိုမလာခင်ထဲက တရားစွဲရန်ပြင်ဆင်လာသောစာရွက်စာတမ်းများ ကိုသာအမြန်ကောက်ကိုင်ပြီး အစ်ကိုလေးနောက်မှ အပြေးလိုက်ရတော့သည် လာခိုးတဲ့သူကိုပဲ ကျိန်ဆဲချင်တော့သည် အစ်ကိုလေးအကြောင်းမသိတာလဲမဟုတ် ကျားကိုထိပ်လာပုတ်မှတော့ ဟိုကပြန်ကိုက်ပြီပေါ့ ကြားထဲကငါကစောက်လုပ်ရှုပ်ပြီ

-အခုမှစရေးတာဖြစ်လို့အမှားပါရင်နားလည်ပေးကျပါနော် ကလေးတွေကိုချစ်လွန်းလို့ရေးတာပါ ဘယ်သူ့ကိုမှထိခိုက်လိုစိတ်မရှိပါဘူးနော် Zawgyi font ဖတ်မရတဲ့သူတွေလဲနားလည်ပေးပါနော် yizhan အားလုံးကိုချစ်တယ်နော်

တိမ်ကလေးရဲ့ကောင်းကင် (Complete)Onde histórias criam vida. Descubra agora