part-13

5.3K 332 31
                                    

"တိမ်ကလေးရဲ့ကောင်းကင်"
Part(13)

****နှစ်ဦးသားအလန့်တကြားရေရွတ်လို့အပြီးမှာတော့....ရှောင်းကျန့်ဘောင်းဘီအိတ်ထဲကဖုန်းလေးက.....လှုပ်လှုပ်ရှားရှားဖြစ်လာသည်......ပြေးကြည့်စရာအလိုအောင်အချိန်ကိုက်ကွက်တိလာသောဖုန်းကြောင့်...စိတ်ရှုပ်ထွေးစွာမကိုင်မိပေ.........ဒီလူကြီးဘာဖြစ်ချင်နေတာလဲ......

****ဝမ်ရိပေါ်ဖုန်းကိုဆက်တိုက်ခေါ်နေပေမဲ့တစ်ဖက်မှပြန်လည်ကိုင်သံမရှိပေ......ဖုန်းခေါ်ဆိုတာကိုရပ်ပြီးလက်ချောင်းသွယ်သွယ်လေးတွေကဖုန်းစကရင်ပေါ်ပြေးလွှားနေသည်............massage box လေးထဲမှာတော့ ....ချာတိတ်...ကိုယ့်ဖုန်းကိုကိုင်ပါ....မကိုင်ရင်ကိုယ်အခုချက်ချင်းမင်းဆီရောက်အောင်လာမှာနော်.......ကလောင်...စာတိုလေးထွက်သွားပြီးမကြာဖုန်းထပ်ခေါ်လိုက်သည်...........

****massage .....ဝင်လာသံကြောင့်ဖွင့်ဖတ်လိုက်တော့.....ရားးးး....ဒီလူကြီးတော့လား....ငါ့ကိုလာခြိမ်းခြောက်တာလား.....ကြောက်တယ်ကိုင်မယ်..........ဖုန်းထပ်ခေါ်နေတော့ပြန်ကိုင်လိုက်ပြီး.......ဟဲလို...

****ချာတိတ်....ကိုယ်ပေးတဲ့ပန်းစည်းရလား......အဲ့မှာကိုယ့်ရဲ့ရင်တွင်းဖြစ်လေးတွေပါတယ်....ဖတ်ကြည့်နော်လွှင့်ပစ်တာသိရင်ကိုယ်မင်းဆီချက်ချင်းရောက်အောင်လာမှာ.......ကိုယ်မသိဘူးလို့တော့မထင်နဲ့.........

****ဒီမှာလူကြီး.......ခင်ဗျားအချိန်တော်တော်ပေါနေလား.......တစ်ကယ်အားနေရင်လဲတစ်ခြားလူနဲ့အပျော်ဆော့စမ်းပါ.........ကျွန်တော်နဲ့လာဆော့ရင်တော့ခင်ဗျားပဲအချိန်ကုန်မှာ.............ကျွန်တော်ကအဲ့လိုလုပ်ရုံနဲ့အလွယ်တစ်ကူရမယ့်အထဲမပါဘူး.......

****အခုမှတစ်ရက်ပဲရှိပါသေးတယ်ချာတိတ်ရယ်......စိတ်စောမနေပါနဲ့ဦး..........နောက်ထပ်ရက် ၃၀ ကျန်သေးတယ်.......ကိုယ့်ပေးတဲ့စာလေးတွေဖတ်ပြီးကိုယ့်ရင်ခုန်သံကိုနားထောင်ကြည့်နော်...............ပြီးရင်ကိုယ့်ကိုစဉ်းစားပေး....အာ..ဒါပေမယ့်ငြင်းတာတော့မလိုချင်ဘူးနော်.....ကြားလားချာတိတ်.............မွ........ချစ်တယ်ကလေး................

****ဘာလား...........မွ...တဲ့ဖုန်းကိုသာစိတ်ဆင်းရဲကြီးစွာကြည့်မိတော့သည်.........မလွယ်ကြောပဲ.......သူပေးတာတွေမဖတ်ပြန်ရင်လဲပြဿနာကရှာဦးမယ်.....လက်ထဲကပန်းစည်းကြီးကိုသာအားနဲ့လွှဲရိုက်ပြီးလွှတ်ပစ်ချင်သည်............ဒါမဲ့....ပန်းတွေကအရမ်းလှတယ်....မလုပ်ရက်ပါဘူး....ဟီးးး....

တိမ်ကလေးရဲ့ကောင်းကင် (Complete)Dove le storie prendono vita. Scoprilo ora