Part-3(zawgyi)

1K 47 0
                                    

Part(3)

**ရှောင်းကျန့်တစ်ယောက်ကျန်းချန်အလာကိုစောင့်ရင်းပန်းချီထိုင်ဆွဲနေမိတယ်….လက်ကိုစုတ်တိုင်ကိုင်ရင်းကင်းဘတ်စပေါ်ဆေးစက်ချလိုက်ရင်း…အဝေးကကျေးငှက်ကလေးများအေးချမ်းစွာပျံသန်းနေသောကောင်းကင်ကြီးရဲ့ပြာလဲ့လဲ့မိုးသားလေးများကိုကြည့်ရင်းစုတ်ချက်များကိုလှုပ်ရှားမိသည်…….
**သူပန်းချီထဲစီးမျောနစ်ဝင်နေသည်မှာ အချိန်ဘယ်လောက်ကြာသွားမှန်းသူကိုယ်တိုင်ပင်မသိပဲ စိတ်အစဉ်ကို အရှေ့ကဆွဲနေသောပုံထဲသို့သာနှစ်ထားမိသည်မှာ ..နောက်ကနေအာပြဲကျန်းချန်၏အော်သံကြားမှ သတိဝင်မိသည်….
**ဟေ့ကောင်..ပုံဆွဲတာလဲဆွဲတာပေါ့ နောက်ကလူမင်းကိုလုပ်ကြံချင်တဲ့သူဆိုအသာလေးလုပ်လို့ရတယ်သိလား….တစ်ကယ်ထဲပုံဆွဲနေရရင်ဘေးမှာ ဘာဖြစ်ဖြစ်မသိတော့ဘူး…တစ်ကယ်လဲကျန်းချန်စိတ်တိုလို့အော်မိတော့သည်….ကျန်းချန်သူ့နောက်မှာရောက်နေတာ နာရီဝက်လောက်ရှိပြီ ပုံဆွဲချင်စိတ်မရှိတာကြောင့်ရှောင်းကျန့် ပုံဆွဲနေသည်ကိုသာလှမ်းကြည့်ရင်းစောင့်နေမိသည်…လူတစ်ယောက်လုံးသူ့နောက်ရောက်နေတာမသိအောင်ပင်ပန်းချီထဲဈာန်ဝင်နေသည်မှာ ဆွဲနေသည့်လူတော့မသိ…စောင့်နေတဲ့သူကတော့အောက်ကနေကိုက်နေသည့်ပုရွက်စိတ်များကိုခြေဖြင့်နင်းသတ်နေသည်မှာအကောင်ရေတစ်သိန်းတောင်ကရဲ့လားမသိ….
**မင်းကလဲ..ငါ့ဆိုအော်ဖို့လောက်ပဲနော်..ရှောင်းကျန့်ပန်းချီကိုလက်စသတ်ရင်းကျန်းချန်ကိုလှမ်းပြောမိသည်…အရင်ဘဝကမင်း ငါ့မိန်းမများတော်ခဲ့လားမသိဘူး…ပွားလိုက်တာဆိုတာကွာ ..မင်းရည်းစားဖြစ်မယ့်သူပဲငါရင်လေးတယ်…
***ချီးမှပဲ..မင်းမိန်းမဖြစ်သိလား…ကံမကောင်းလို့ဒီဘဝမှာမင်းသူငယ်ချင်းလာဖြစ်နေတာ…တစ်ကယ်နှိပ်စက်နည်းပေါင်းစုံလဲတက်ပါ့ကွာ…မလာမချင်းကိုအသံပေါင်းစုံနဲ့နှိပ်စက်နေတာပဲ..ငါ့အမားတောင်ပြောနေပြီ..မင်းအိမ်ပြောင်းနေလဲနေတော့တဲ့ကျောင်းပိတ်ရက်တောင်သူမခိုင်းရပဲမင်းဆီပဲရောက်နေလို့တဲ့..ကျန်းချန်အမားကပြောသာပြောတာ..ရှောင်းကျန့်ကျတော့သူ့ထက်တောင်ချစ်သေး..အခုလဲကြည့်မထချင်မလာချင်လို့စောင်ခြုံအိပ်နေတာကိုရှောင်းကျန့်ဖုန်းဆက်မှန်းသိသွားတာနဲ့မထမချင်းလာရိုက်နှိုးပြီးသွားခိုင်းတော့တာပဲ…တစ်ကယ်စိတ်တိုတယ်…တစ်ခါတစ်လေအမားကိုမေးရတဲ့အထိသူကသားလားရှောင်းကျန့်ကသားလားဆိုတာ…
***အဟက်..ရှောင်းကျန့်ရီရင်း..မင်းပုံမဆွဲတော့ဘူးလား
***မဆွဲဘူး…မင်းခေါ်လို့သက်သက်လာတာ..ဒါနဲ့မင်းကိုငါပြောမလို့…ငါ့တို့အတန်းကဆရာဝူရဲ့သူငယ်ချင်းဆရာရှီးချန်ကိုသိတယ်မလား..သူတစ်ကိုယ်တော်ပန်းချီပြပွဲလုပ်မလို့အဲ့တာတို့ဆရာကတက်သစ်စပန်းချီဆရာလေးတွေရဲ့လက်ရာလေးတွေထည့်ပါလား သူကလက်ခံတယ်ကွ…ဆရာကမင်းကပုံဆွဲတော်တော့မင်းပန်ချီကားတွေထည့်မလားမေးနေတယ်…အဲ့တာမင်းစိတ်ဝင်စားလား….ပြီတော့အဲ့ပွဲကနာမည်ကြီးဦးမယ်ထင်တယ်ကွ..XZ groups ကနေစပွန်ဆာပေးတာကွသိလား..မင်းသိတယ်မလား XZ groups လေ…
**မသိပါဘူးကွာ…မင်းပဲစီးပွားရေးလောကအကြောင်းတွေလိုက်စုံစမ်းသိလား…ဒါနဲ့ငါမေးပါဦးမယ် မင်းပန်းချီဆရာလုပ်မှာလား…အကြွေစေ့ခေါက်မယ့်စီးပွားရေးသမားလုပ်မှာလား..တစ်ကယ်လဲရှောင်းကျန့်စိတ်တိုလာသည်တွေ့တိုင်းလာပြောရင်ဆယ်ခွန်းဆို ငါးခွန်းလောက်ကစီးပွားရေးအကြောင်း…
**ကဲ.နေစမ်းပါဦးကွာ နောက်မှငါ့ရန်တွေ့..စောကငါပြောတဲ့ကိစ္စမင်းဘယ်လိုသဘောရလဲ…တစ်ကယ်လဲကျန်းချန်ရှောင်းကျန့်ကိုပြပွဲမှာဝင်ပါစေချင်သည်…ရှောင်းကျန့်ကပန်းချီမှာတစ်ကယ်ကိုပါရမီထူးသူ…
**ငါ…ဖြစ်ပါ့မလားကွ…ငါကအခုမှကျောင်းတက်တုန်းလေ…ဆရာဝူကဖိတ်ခေါ်ရင်တောင် ဆရာ့သူငယ်ချင်းကသဘောကျဦးမှကွ…ပြီးတော့ငါ့ကိုယ့်ကိုကိုယ်အဲ့လောက်ပြပွဲမှာပန်းချီကားပြပြီးရောင်းရလောက်အောင်ထိယုံကြည်ချက်မရှိသေးဘူး…ရှောင်းကျန့်တစ်ကယ်လဲကိုယ့်ဘာသာယုံကြည်ချက်မရှိသေးတာဖြစ်သည်..
**ဘာလို့မဖြစ်ရမှာလဲ..မင်းကိုငါယုံတယ်..မင်းပန်းချီကားတွေသာ ဆရာရှီးချန်ကိုပြကြည့်လိုက်သူသဘောကျမှာအသေချာပဲ….မင်းကျောင်းတက်ရင်းနာမည်ကျော်ပန်းချီဆရာတစ်ယောက်ဖြစ်လာမှာငါသိနေတယ်…လုပ်ပါကွာမနက်ကျရင်ပန်းချီကားတွေပြရင်းဆရာရှီးချန်ဆီသွားရအောင်…ကျန်းချန်အားတက်သရောရှောင်းကျန့်ကိုပြောနေမိသည်…
**အေးလေ..သူမကြိုက်ရင်တော့ငါပြပွဲမှာအတင်းဝင်မပြိုင်ဘူးနော်  ကျန်းချန်..
**အေးပါကွာ..မင်းသဘောပဲ..အရင်ပြကြည့်လိုက်ဟုတ်လား….

**အစ်ကိုလေး..ဝမ်နင်စာရင်းစာရွက်များကြားအလုပ်ရှုပ်နေသောဝမ်ရိပေါ်ကိုလှမ်းခေါ်မိသည်…ဝမ်ရိပေါ်ကသူ့ကိုမကြည့်ပဲ
**ပြောလေ..ငါ့နာမည်ခေါ်ပြီးဆက်လဲမပြောဘူး..ဘာပြောစရာရှိလို့လဲ…
**သဘက်ခါကျရင်ကျွန်တော်တို့ ပန်းချီပြပွဲတစ်ခုကို စပွန်ဆာပေးထားတာ..အဲ့တာပွဲတက်ဖို့ဖိတ်ထားပါတယ်အစ်ကိုလေး..ဆရာရဲ့လုပ်ငန်းပါတနာ သူဋ္ဌေးလန်ရဲ့သားလေဆရာ နာမည်ကလန်ရှီးချန်ဆိုလားပဲဆရာ…
**ဝမ်ရိပေါ်စိတ်ရှုပ်စွာဖြင့်…မတက်လို့မရဘူးမလား…သူဋ္ဌေးလန်သားဆိုမှတော့..သွားမယ်လုပ်စရာရှိတာလုပ်ထား..ပွဲကဘယ်အချိန်လဲ
**ညနေ ၄နာရီမှပြပွဲစမှာအစ်ကိုလေး…ပြပွဲရဲ့ညစာစားပွဲကအချိန် ၆နာရီခွဲမှစမှာအစ်ကိုလေး…ညစာ စားပွဲကရင်းနှီးသူတွေပဲဖိတ်ထားတာပါ…
**ပြီးရောလေ..ငါသွားဖို့မင်းအားလုံးစီစဉ်ထားလိုက်…အလွဲအချော်မဖြစ်စေနဲ့..
**ဟုတ်ကဲ့..ဝမ်နင်အစ်ကိုလေးကိုတင်ပြစရာရှိတာများအားလုံးပြောပြီးတာနဲ့..ပွဲတက်ဖို့အတွက်သွားစီစဉ်ရန်ရုံးခန်းတွင်းမှထွက်လာခဲ့လိုက်တော့သည်…ကြိုစီစဉ်ထားမှတော်ကြာအနားနီးမှဟိုဝတ်စုံမကြိုက်ဘူးဒီအရောင်မကြိုက်ဘူးဆိုငါပဲဖတ်ဖတ်မောမှာ…ဟူ…

***တစ်ကယ်တော့..အဲ့ပန်းချီပြပွဲလေးဟာ .လူနှစ်ယောက်ရဲ့ဘဝအလှည့်အပြောင်းတွေကိုဖန်တီးပေးမယ့်ပြပွဲလေးဆိုတာသူတို့နှစ်ဦးသိခဲ့ရင်ပြပွဲလေးကိုလာကျမလားဆိုတာ….
#Written by
#Ariel

တိမ်ကလေးရဲ့ကောင်းကင် (Complete)Où les histoires vivent. Découvrez maintenant