Part-8(Zawgyi)

668 44 0
                                    

Part(8)

***အင်း...သူနေမကောင်းဖူးဆိုတော့လဲဘယ်တတ်နိုင်မလဲ.....ကျွန်တော်တို့ပဲသွားကျတာပေါ့...သုံးဦးသားဟိုတယ်မှထွက်လာလိုက်ကျသည်...

***ဝမ်နင်အစ်ကိုလေးတို့ထွက်လာတာမြင်တာနဲ့...တံခါးအဆင်သင့်ဖွင့်ရင်းကြိုနေသည်....အစ်ကိုလေးဒီရက်ပိုင်း စိတ်ကျန်းမာရေးကောင်းရဲ့လား....မလုပ်ဖူးတာတွေလုပ်နေတယ်....တစ်ကယ်ဆိုသူ့ကားကိုသူများစီးဖို့နေနေသာသာ သူ့တောင်ကားမောင်းခိုင်းဖို့အတွက်ပေးစီးတာ....လူစိမ်းဆိုသူ့ပစ္စည်းအသုံးပြုတာမကြိုက်သောအစ်ကိုလေးက အခုတော့ ပြပွဲပြီးရင်ကိစ္စလဲပြီးနေပြီဟာကို....ဘာစိတ်ကူးပေါက်ပြီးဒီလူတွေကျမှ....အလည်အပတ်လိုက်ပို့ဖို့ကားစီစဉ်ပေးသတဲ့.....အံသြပြီးရင်းအံ့သြရောပဲ.....မကြာခင်ငါအရူးထောင်ရောက်မှာကျိန်းသေတယ်.....ညကလဲဟိုကလေးအကြောင်းဗြုန်းစားကြီးသိချင်လာလို့...သူ့မှာတက္ကသိုလ်ပေါင်းစုံလိုက်ရှာ...စာရင်းပြုစုနဲ့အိပ်ရေးတောင်ဝအောင်မအိပ်ရ......အံမယ်စိတ်ဝင်စားတော့လဲတစ်ကယ့် အချောလေးမှနော် သူတောင်ပုံလေးတွေ့တုန်းက မျက်စိအစာကျွေးနေတာ...အစ်ကိုလေးသိရင်တော့ ကျိန်းသေအဆဲခံရမှာ.....

***ဝမ်နင်...ရှီးချန်ကောတို့ကို ကုမ္မဏီလိုက်ပို့ပေးလိုက်နော်....ငါသွားစရာရှိလို့တစ်အောင့်ပဲ နောက်ကလိုက်လာခဲ့မယ်ကြားလား....

***ကားလွှတ်ခိုင်းလိုက်ရလားအစ်ကိုလေး...ပြန်ကြိုဖို့လေ...ကျွန်တော်မလိုက်လို့ဖြစ်လား...အဆင်မပြေရင်ကျွန်တော်ရုံးကဒရိုင်ဘာခေါ်ပြီး ...လန်အစ်ကိုလေးတို့ကိုပို့ခိုင်းလိုက်မယ်လေ.....(ဝမ်နင်ရယ်အလိုက်မသိလိုက်တာ..ဟိုကယောကျာ်းပိုးဖို့ကျန်ခဲ့တာဟ....)

***မလိုဘူးရတယ်....မင်းသွားစရာရှိတာသွားတော့....ငါ့ကိုစိတ်ပူမနေနဲ့...သူတို့ပဲဂရုစိုက်ပို့ပေးလိုက်.....ကြားလား...ဝမ်ရိပေါ်စိတ်မရှည်စွာမှာကြားရတော့သည်....ဒီမှာစကားများနေတာနဲ့ဟိုချာတိတ်ကိုမမှီပဲနေဦးမည်......

***သိသားပဲ.....ဟိုကလေးမပါလို့မလား...ချက်ချင်းမျက်နှာတည်တင်းနေထဲကသိသားပဲ.....မနက်ကနဲ့မနက်ပိုင်းခဏလေးတောင် မျက်နှာတော်ကတတ်လဲတတ်နိုင်ပါပေ့အစ်ကိုလေးရယ်....နာရီပိုင်းလေးကိုမျက်လှည့်ပြနေသလားပဲ....ဟွန့်...

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora