Part-6(Zawgyi)

765 41 0
                                    

Part(6)

***ဝမ်နင်..မင်းလာနေပြီလား...ဝမ်နင်ကိုဖုန်းဆက်လှမ်းမေးရင်ဧည့်ခံပွဲမှဝမ်ရိပေါ်ထွက်လာလိုက်သည်...သူ့အတွင်းရေးမှုးလဲဖြစ်ညီအစ်ကိုဝမ်းကွဲလဲတော်စပ်သောဝမ်နင်ကသူ့အတွက်လိုလေသေးမရှိလုပ်ပေးရှာသည်..သူ့ရဲ့ဒဏ်ကိုတော်ရုံသည်းညည်းမခံနိုင်ကျပေ...အစားလဲချေးများ...အသန့်လဲအရမ်းကြိုက်...တစ်ခုခုဆိုစိတ်တိုင်းကျဖို့မလွယ်သောသူ့ကိုအရင်အတွင်းရေးမှုးများဒဏ်မခံနိုင်ကျပေ....ဝမ်နင်ကသူ့ဆိုတော်တော်ကိုသည်းခံပြီးအလိုက်သိလွန်းသောညီငယ်လေးပါပဲ...အခုလဲဒင်နာမှာသူ့ကိုထားခဲ့ပြီးသူခိုင်းထားသောအလုပ်ကိစ္စများကိုလှည့်ကြည့်စရာမလိုအောင်သေချာအပြီးသတ်ခဲ့မှာသူသိသည်....

***ဟုတ်ကဲ့..ပြန်လာနေပြီအစ်ကိုလေး...နောက်၅မိနစ်လောက်ပါပဲကျွန်တော်....ဝမ်နင်ကားကိုအရှိန်နည်းနည်းမြှင့်ရင်းဖုန်းပြန်ဖြေမိသည်...နောက်ကျလို့မဖြစ်တော်ကြာအစ်ကိုတော်ဦးစိတ်တိုက ဒေါသထွက်ပြီးအော်နေမှ....

***ကျွီ...ဘေးနားရပ်လာသောကားကိုကြည့်လိုက်တော့ကားပေါ်က ဝမ်နင်တစ်ယောက်ကပျာကယာဆင်းလာပြီး...စောင့်နေရတာကြာပြီလားအစ်ကိုလေး....ဝမ်နင်တံခါးလဲဖွင့်ပေးရင်းအစ်ကိုလေးမျက်နှာလှမ်းကြည့်လိုက်တော့ ရာသီဥတုသာယာနေသည်....တော်ပါသေးရဲ့ အအော်မခံရလို့....

***ဝမ်နင်....ငါ့ကိုလန်ရှီးချန်နဲ့ပြပွဲအတူလုပ်တဲ့ကောင်လေးကိုစုံစမ်းပေး...သူ့အကြောင်းကိုဆံပင်မွှေးတစ်ချောင်းကအစငါအကုန်သိချင်တယ်....ဒီညတွင်းအကုန်စုံစမ်းပေး....ဝမ်ရိပေါ်တစ်ကယ်လဲထိုချာတိတ်လေးကိုစိတ်ဝင်စားသည်...အထူးသဖြင့်ရီလိုက်တိုင်းပေါ်လာတဲ့ယုန်သွားလေးနှစ်ချောင်း....နှုတ်ခမ်းပါးလေးနားကမှဲ့နက်လေး...ပြီးတော့ အနမ်းချိုချိုလေး...သူမနမ်းဖူးတဲ့လူရိုင်းလေးလဲမဟုတ်ပေ.....အခုတော့နမ်းပြီးတာဖြင့်ကြာနေပြီ မျက်လုံးထဲဂျင်းပင်အပြာလေးနဲ့ဆွယ်တာအနီရဲရဲလေးဝတ်ထားသော မျက်နှာနုနုလေး...ထပ်ပြီးတော့နမ်းချင်တယ်အဲ့နှုတ်ခမ်းပါးလေးကို...ရိပေါ်ကိုယ့်အတွေးကိုသဘောကျစွာပြုံးမိသည်...ဒီခံစားချက်မျိုးမခံစားရတာတောင်နှစ်တွေကြာလှပေါ့...အခုတော့...မင်းတစ်ကယ်ပဲချာတိတ်...အပြုံးထဲဘာထည့်ထားတာလဲ...တစ်ကယ်စွဲလမ်းဖို့ကောင်းတယ်ချာတိတ်လေး.....

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora