part-10

6.1K 353 10
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(10)

****ရှောင်းကျန့်တစ်ယောက်ဟိုတယ်အပေါက်ဝရောက်တော့..ဘောင်းဘီအိတ်ထဲကဖုန်းလေးကိုထုတ်ကာ…ကျန်းချန်ဆီဖုန်းခေါ်တော့သည်…..တစ်ဖက်မှကျန်းချန်ထူးသံကြားတော့….မင်းပြန်မလာသေးဘူးလား….ငါပြန်တော့မယ်နော်….တစ်ကယ်ပြန်မှာအခုဟိုတယ်အပေါက်ဝရောက်နေပြီ…….တစ်ကယ်လဲကျန်းချန်မလာရင်ရှောင်းကျန့်ပြန်တော့မည် ဝမ်သူဋ္ဌေးကိုသူတစ်ကယ်ကြောက်လာပြီ…တစ်ကယ်လက်ရဲဇက်ရဲလူကြီး……

****ဟဲလို…အားကျန့်….နေဦးလေ…..မင်းတစ်ကယ်ပြန်မလို့လား…ခဏလေးငါပြန်လာခဲ့မယ်…ငါ့စောင့်ဦးလေ..ကျန်းချန်ဖုန်းကိုဆက်တိုက်ပြန်ပြောနေသည်……ဒီကောင်တစ်ကယ်ပြန်မှာလား……နောက်နေတယ်ပဲထင်တာ…ဘာဖြစ်လို့လဲ…သူ့ကြီးပဲလဲပြန်ခိုင်းလို့မဖြစ် ရှောင်းကျန့်အိမ်ကသိရင်သူ့ကိုအမားကဆူလိမ့်မည်…အတူတူသွားတာကိုရှောင်းကျန့်တစ်ယောက်တည်းပြန်ရောက်ရင်ပြဿနာတက်လာတယ်ပဲထင်ကုန်လိမ့်မည်……ဘေးကလန်ရှီးချန်ကတော့ဘာလဲဟူသော..မေးဆတ်ပြတော့ရှောင်းကျန့်ပြန်ရန်အရေးကြီးလို့ဟုလိမ်ပြောရတော့သည်….ဘာကြောင့်ချက်ချင်းကောက်ကာငင်ကာပြန်ချင်မှန်းသူမသိသေးပေ…..နောက်မှပဲမေးရတော့မည်..အခုတော့ဟိုစိတ်မမှန်သောယုန်ပေါက်ဆီအမြန်ပြန်ရမယ်…..တော်ကြာဒင်းကပြောရတာမဟုတ်တစ်ယောက်တည်းပြန်ချသွားမှ…..

****လန်ရှီးချန်ကတော့…..ပြန်ဖို့လောနေသောကလေးနှစ်ယောက်ကိုအသေးစိတ်တော့မေးမနေတော့ပေ…..တစ်ကယ်အရေးကြီးနေလို့ပြန်တာဖြစ်မှာပါ…သူလဲနောက်ရက်ဆိုချုံချင်းကိုစာသင်ဖို့ပြန်ရမှာပဲ….ကလေးတွေနဲ့ပဲကြိုပြန်လိုက်တော့မယ်…..နေဦးကောပါတစ်ခါတည်းလိုက်မယ်လေကျန်းချန်…..ပြောပြီးတာနဲ့ဝမ်နင်ကိုဟိုတယ်သာပြန်ပို့ရန်ကားကိုကွေ့ခိုင်းရတော့သည်…..

****ရှောင်းကျန့်ကတော့ပြန်လာမယ်ပြောသောကျန်းချန်ကြောင့်..အိတ်ကြီတကားကားနဲ့ဟိုတယ် အဝင်ဝတွင်လည်ပင်းကုလားအုတ်ဖြစ်အောင်မျှော်နေသည်…..ဘေးကိုလဲဟိုကြည့်ဒီကြည့်နဲ့ဟိုလူကြီးထွက်လာမှာလဲကြောက်နေရသည်….

တိမ်ကလေးရဲ့ကောင်းကင် (Complete)Onde histórias criam vida. Descubra agora