part-16

5.3K 312 7
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(16)

****ရင်ခွင်ထဲကချာတိတ်လေးရဲ့အဖြေစကားသံလေးထပ်ကြားရတာ………နားထဲကိုအေးမြချိုမြိန်နေတာပဲ…………သူတို့နှစ်ဦးလုံးအလှဆင်ထားသောအိမ်လေးပုံစံထဲမှာတစ်ဦးကိုတစ်ဦးတင်းကျပ်စွာဖက်ထားရင်း…………ခဏတော့လောကကြီးကိုမေ့သွားသလိုပါပဲ………..စက္ကန့်ပေါင်းများစွာငြိမ်သက်သွားပြီးတစ်အောင့်ကြာတော့…..ဝမ်ရိပေါ်ချာတိတ်ကိုဖက်ထားတာလွှတ်လိုက်ရင်းတဖြည်းဖြည်းဒူးထောက်ထိုင်ချပစ်လိုက်တယ်…………………

****ကိုယ့်ကိုလက်ထပ်ပေးပါလားကလေး………………ရွှန်းလက်ရီဝေစွာပြုံးပြီးကြည့်နေသောဝမ်ရိပေါ်…..သူ့လက်ထဲမှာတော့ WX စာလုံးလေးနှစ်လုံးကိုစိန်တန်းလေးများဖြင့်လှပစွာစီခြယ်ထား လက်စွပ်လေးနှစ်ကွင်းက တောက်ပစွာရှိနေသည်………………….

****ခေတ္တခဏအံ့သြတိတ်ဆိတ်သွားသောကျောင်းသားများထံမှ………….ရှောင်းကျန့်လက်ခံပေးပါ…………လက်ထပ်ခွင့်ကိုလက်ခံလိုက်ပါဟူသော သံပြိုင်လက်ခုပ်တီးတောင်းဆိုသံများ စည်းချက်ညီစွာထွက်ပေါ်လာတော့သည်………………….

****ရှောင်းကျန့်ပါးပေါ်သို့မျက်ရည်လေးနှစ်သွယ်စီးဆင်းကျလာသည်………………….မထင်ထားဘူးအခုလိုတမြတ်တနိုးလက်ထပ်ခွင့်တောင်းခံရမယ်လို့…………..တစ်ကယ်ကိုမမျှော်လင့်ထားတာလူကြီးဆီက……………ကျောက်ရုပ်လေးအတိုင်းတောင့်တောင့်လေးရပ်ကာမျက်နှာကိုလက်ဖဝါးနှစ်ဖက်လုံးနဲ့ကွယ်ကာ….ငိုရှိုက်မိတော့သည်…………….သူဝမ်းနည်းလို့ငိုတာမဟုတ်ပါဘူးကွယ်……………ကြည်နူးလွန်းလို့ပါ……….

****ကလေး….ကိုယ့်ကိုဒီတိုင်းပဲထိုင်ခိုင်းနေမှာလား………………ဝမ်ရိပေါ်မော့ကြည့်ကာလှမ်းပြောလိုက်တော့…မျက်ရည်လေးများနဲ့ငုံကြည့်သောသူ့ကလေး…………….မငိုပါနဲ့……မင်းငိုတာကို ကိုယ်မကြည့်ရက်ဘူး…….ပျော်လို့ငိုတာပဲဖြစ်ဖြစ်…………..ဝမ်းနည်းလို့ပဲဖြစ်ဖြစ်မင်းရဲ့အားကိုသုံးရမယ့်မျက်ရည်လေးကိုမကျပါစေနဲ့……ကိုယ်ရင်ထဲတင်းကျပ်စေလို့ပါချာတိတ်ရယ်………………….

****ဘယ်ဖက်လက်ကလေးကိုမြှောက်ပေးလိုက်သည်…………….စွပ်ပေးလေ…….မျက်ရည်လေးမခြောက်တခြောက်နဲ့ပြုံးကာပြောလာသောရှောင်းကျန့်…………………..ကျွန်တော်ရဲ့နုပျိုမှု့တွေခင်ဗျားနဲ့အတူကုန်ဆုံးချင်ပါတယ်လူကြီးရယ်……………..

တိမ်ကလေးရဲ့ကောင်းကင် (Complete)Onde histórias criam vida. Descubra agora