Part ❤️3💚

8.9K 447 0
                                    


ရှောင်းကျန့်တစ်ယောက်ကျန်းချန်အလာကိုစောင့်ရင်းပန်းချီထိုင်ဆွဲနေမိတယ်….လက်ကိုစုတ်တိုင်ကိုင်ရင်းကင်းဘတ်စပေါ်ဆေးစက်ချလိုက်ရင်း…အဝေးကကျေးငှက်ကလေးများအေးချမ်းစွာပျံသန်းနေသောကောင်းကင်ကြီးရဲ့ပြာလဲ့လဲ့မိုးသားလေးများကိုကြည့်ရင်းစုတ်ချက်များကိုလှုပ်ရှားမိသည်။

သူပန်းချီထဲစီးမျောနစ်ဝင်နေသည်မှာ အချိန်ဘယ်လောက်ကြာသွားမှန်းသူကိုယ်တိုင်ပင်မသိပဲ စိတ်အစဉ်ကို အရှေ့ကဆွဲနေသောပုံထဲသို့သာနှစ်ထားမိသည်မှာ ..နောက်ကနေအာပြဲကျန်းချန်၏အော်သံကြားမှ သတိဝင်မိသည်။

"ဟေ့ကောင်..ပုံဆွဲတာလဲဆွဲတာပေါ့ နောက်ကလူမင်းကိုလုပ်ကြံချင်တဲ့သူဆိုအသာလေးလုပ်လို့ရတယ်သိလား….တစ်ကယ်ထဲပုံဆွဲနေရရင်ဘေးမှာ ဘာဖြစ်ဖြစ်မသိတော့ဘူး"

တစ်ကယ်လဲကျန်းချန်စိတ်တိုလို့အော်မိတော့သည်။ကျန်းချန်သူ့နောက်မှာရောက်နေတာ နာရီဝက်လောက်ရှိပြီ။ ပုံဆွဲချင်စိတ်မရှိတာကြောင့်ရှောင်းကျန့် ပုံဆွဲနေသည်ကိုသာလှမ်းကြည့်ရင်းစောင့်နေမိသည်။လူတစ်ယောက်လုံးသူ့နောက်ရောက်နေတာမသိအောင်ပင်ပန်းချီထဲစျာန်ဝင်နေသည်မှာ ဆွဲနေသည့်လူတော့မသိ။စောင့်နေတဲ့သူကတော့အောက်ကနေကိုက်နေသည့်ပုရွက်စိတ်များကိုခြေဖြင့်နင်းသတ်နေသည်မှာအကောင်ရေတစ်သိန်းတောင်ကရဲ့လားမသိ….

"မင်းကလဲ..ငါ့ဆိုအော်ဖို့လောက်ပဲနော်"

ရှောင်းကျန့်ပန်းချီကိုလက်စသတ်ရင်းကျန်းချန်ကိုလှမ်းပြောမိသည်။

"အရင်ဘဝကမင်း ငါ့မိန်းမများတော်ခဲ့လားမသိဘူး…ပွားလိုက်တာဆိုတာကွာ ..မင်းရည်းစားဖြစ်မယ့်သူပဲငါရင်လေးတယ်"

"ချီးမှပဲ..မင်းမိန်းမဖြစ်သိလား…ကံမကောင်းလို့ဒီဘဝမှာမင်းသူငယ်ချင်းလာဖြစ်နေတာ…တစ်ကယ်နှိပ်စက်နည်းပေါင်းစုံလဲတက်ပါ့ကွာ…မလာမချင်းကိုအသံပေါင်းစုံနဲ့နှိပ်စက်နေတာပဲ..ငါ့အမားတောင်ပြောနေပြီ..မင်းအိမ်ပြောင်းနေလဲနေတော့တဲ့..ကျောင်းပိတ်ရက်တောင်သူမခိုင်းရပဲမင်းဆီပဲရောက်နေလို့တဲ့"

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora