part-15

5.3K 319 6
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(15)

****ဖုန်းကိုနှိပ်သောလက်တွေကစိတ်လှုပ်ရှားလွန်းလို့တုန်ယင်နေသည်……..ငိုချင်သလိုရီချင်သလိုဖြစ်နေတာလဲထိန်းမရ………..ဘေးနားမှာလူတွေရှိတာလဲဂရုမစိုက်မိတော့……….ဖုန်းကိုသာခေါ်မိတော့သည်………တစ်ဖက်မှဖုန်းကိုင်တာကိုစောင့်ရတာအခုချိန်ရှောင်းကျန့်တစ်ယောက်ချိန်ကိုက်ဗုံးကြီးရင်ထဲပိုက်ထားရသလိုပဲ………….တဒိတ်ဒိတ်ခုန်နေသောရင်အစုံကဘယ်တော့ပေါက်ကွဲထွက်တော့မလဲမသိ…………

****ဟဲလိုချာတိတ်……………တစ်ဖက်ကထူးသံကအေးဆေးလွန်းသည်…………ဝမ်ရိပေါ်ချာတိတ်ကိုလှမ်းမြင်နေရသည်………..ချာတိတ်ဘယ်ရှာလို့တွေ့မလဲသူကအခုရဟတ်ယာဉ်ပေါ်ကနေမှန်ဘီလူးနဲ့ချာတိတ်ကိုလှမ်းကြည့်နေတာ………..သေချာနားထောင်ရင်တော့ရဟတ်ယာဉ်သံကိုကြားရပေမယ့်……ချာတိတ်ပုံလေးကစိတ်လှုပ်ရှားနေပုံရတာကြောင့်မကြားဘူးထင်……………..ဆန္ဒတွေမစောပါနဲ့ဦးကလေးရယ်မင်းကိုယ့်ဆီရောက်ဖို့ကြားထဲမှာကိုယ့်လက်ဆောင်လေးတွေရှိသေးတယ်……….

****လူကြီးခင်ဗျားဘယ်မှာလဲ………….ကျေးဇူးပြုပြီးထွက်ခဲ့ပေးပါ…….ကျွန်တော်အခုရင်တွေခုန်လွန်းလို့သေတော့မယ်သိလား……….ကျွန်တော့ကိုမနှိပ်စက်နဲ့တော့အခုထွက်လာပေးပါနော်……………ရှောင်းကျန့်မျှော်လင့်တကြီးတောင်းဆိုမိသည်……………တစ်ကယ်လဲလူကြီးကိုတွေ့ချင်နေပြီ………………ဘယ်မှာလဲသူလိုက်ရှာနေပေမယ့်လုံးဝမတွေ့သေး………..ဘေးနားကလူအုပ်ကြီးကလဲစိတ်ဝင်စားစွာလိုက်ရှာနေသည်…………….ရှောင်းကျန့်ချစ်သူကဘယ်သူလဲသူတို့လဲအရမ်းကိုသိချင်နေပြီလေ……………………………….

****ကနေသောစုံတွဲကိုကျော်ဖြတ်လာတော့…………အနောက်တိုင်းဝတ်စုံနဲ့လူနှစ်ဦး……………ဘယ်ကိုထပ်ခေါ်ဦးမှာလဲ……….ဘေးတစ်ဖက်တစ်ချက်ကနေပူးတွဲလျောက်လာတော့နှင်းဆီရောင်စုံပန်းတွေကိုပန်းခင်းလမ်းကြီးလုပ်ထားသည်………..ခြေထောက်ကမနင်းရက်သေးပဲခေတ္တရပ်လိုက်တော့…………….လူနှစ်ယောက်လုံးကဆက်လှမ်းသွားဖို့လက်ဟန်ခြေဟန်နဲ့ပြသည်…..........................ခြေထောက်လေးတွေကပန်းခင်းကိုဖြတ်လျောက်လို့အဆုံးမှာတော့ အနီရဲရဲဂါဝန်လေးတွေနဲ့ကလေးတစ်ဦးက tulips ပန်းစည်းကြီးကိုလှည်းလေးနဲ့စောင့်ကြိုနေသည်……ပန်းစည်းလှည်းလေးကိုကလေးဆီကယူလိုက်တော့ကလေးလေးကချစ်စဖွယ်တစ်ချက်ပြုံးပြီးရှောင်းကျန့်ပါးလေးကိုလာနမ်းသည်……ပြီးတော့ပြေးထွက်သွားတော့သည်……………သူလဲအခုအိမ်မက်မက်နေသလိုပါပဲခံစားချက်တွေက……………..ရှောင်းကျန့်ကဘေးကိုလှည့်မကြည့်လို့မသိ……………..အစကနေအဆုံးဘေးတစ်ဖက်တစ်ချက်မှာ မှတ်တမ်းလိုက်ရိုက်နေသောပြေးလမ်းလေးနဲ့ video လိုက်ရိုက်နေသောစက်များပတ်ပတ်လည်ရှိနေသည်…………အရှေ့ကိုဆက်လှမ်းလိုက်တော့……..လှလိုက်တာလို့နှုတ်မှလွှတ်ခနဲထွက်သွားတော့သည်…………….ဖြူဖွေးနေသောဇာပါဝါလှလှလေးများနဲ့တည်ဆောက်ထားသော အိမ်လိုပုံစံလေး ဘေးမှာလဲ မြိုင်ဆိုင်လှသောတယောတီးဝိုင်းနဲ့မိန်းမချောလေးများတီးခတ်နေကျသည်………..အခုထိလူကြီးကိုမတွေ့သေး………..ငိုချင်တယ်……..ရင်ထဲကခံစားချက်ပေါင်းစုံကြောင့်လူက……တုန်ယင်နေသည်…………သူကအခုလိုတန်ဖိုးထားချစ်ခံရဖို့ထိုက်တန်ရဲ့လား…………….အတွေးတွေကဝင်လာလိုက်….တွေဝေလိုက်………လူကြီးရောခုချိန်ထိမထွက်လာသေးတော့ရှောင်းကျန့်နှုတ်ခမ်းကစူနေပြီ…………….ထိုခဏမှာပဲ…………….ဝေါ….ဝေါ….လေတိုးသံလိုကြားရတာကြောင့်ခပ်လှမ်းလှမ်းကိုလှမ်းကြည့်လိုက်တော့ ရဟတ်ယာဉ်တစ်စင်းထိုးစိုက်လာသည်………ရပ်ကြည့်နေစဉ်မှာပဲ...........ဝမ်ရိပေါ်ထွက်ပေါ်လာသည်………..

တိမ်ကလေးရဲ့ကောင်းကင် (Complete)Where stories live. Discover now