part-34

5.1K 233 8
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(34)

****ရွှတ်…..ကိုကို့ရင်ဘတ်ကိုခိုးနမ်းရင်း…….ကိုကိုစောနကဘာဖြစ်သွားတာလဲ…….ရှောင်းကျန့်ကျောပြင်ကျယ်ကိုပြန်ဖက်ရင်းအမေးမြန်းထူတော့…………

****ကလေး….တစ်ကယ်လို့ကိုယ်တို့နှစ်ယောက်မှာချည်နှောင်စရာကြိုးလေးရှိလားရင်ကလေးကိုယ့်ကိုထားပြီးထွက်သွားဦးမှာလား……ဝမ်ရိပေါ်ပခုံးလေးကိုဖက်ရင်းမေးတော့…….

****ကြိုး….ဘာကြိုးလဲ….ကိုကိုနော်ကျွန်တော့ကိုအိမ်တံခါးပိတ်ရုံတင်မလုံလောက်လို့ကြိုးနဲ့ပါတုပ်မလို့လား…..မရဘူးနော်ကိုကို……..အဲ့လိုသာကြိုးနဲ့တုပ်လို့ကတော့တစ်ကယ်ကိုပြန်မလာဘူးသိလား……အခုတောင်ဖုန်းသုံးချင်တာကိုပေးမသုံးဘူး……….ရှောင်းကျန့်နှုတ်ခမ်းစူထော်ကာရန်တွေ့လေသည်……….

****အဟွန်း…..ဘယ်ကြိုးနဲ့မှမချည်ပါဘူးကလေးရယ်……..ဝမ်ရိပေါ်ခေါင်းမှီထားရာကနေခွာရင်းပေါက်ကရတွေးလွန်းသောကလေးကိုပြုံးပြီးကြည့်လေသည်……..

****ကလေးရဲ့ဟောဒီနားလေးမှာကြိုးက……..ရှောင်းကျန့်ဗိုက်သားပြားကပ်ကပ်လေးကိုလက်ညှိုးလေးနဲ့အသာထိုးရင်းပြောတော့………

****ဘာကြိုးမှမရှိပါဘူးကိုကိုရဲ့….ကလေးဘောင်းဘီမှာဒီနေ့ကြိုးမှမပါတာ….သူ့ဘောင်းဘီသူငုံကြည့်ရင်းပြန်ပြောနေတဲ့ရှောင်းကျန့်……….

****ကလေးကလဲကွာ…..ဝမ်ရိပေါ်ရှုံမဲ့ကာ…အဲ့ဘောင်းဘီကြိုးမပါတာကိုယ်သိတာပေ့ါ………ချည်တဲ့ကြိုးကိုပြောတာမဟုတ်ဘူးလေ……ဟောဒီဗိုက်ထဲမှာကိုယ့်ကိုယ်ပွားလေးရှိနေတာကိုပြောတာ…..ဒဲ့ပြောမှပဲမျက်လုံးအဝိုင်းသားလေးနဲ့ဝမ်ရိပေါ်ကိုပြူးကြည့်ကာအခုမှသဘောပေါက်သွားသလိုမျက်နှာလေးရဲသွားသည်…………

****ကိုကို….တစ်ကယ်လား…သူ့ဗိုက်ကလေးကိုပွတ်ရင်းရှောင်းကျန့်မယုံနိုင်…….တစ်ကယ်ဖြစ်လာတာပေါ့ဒါဆို………..ဟေးးးး……ကုတင်ပေါ်ခုန်ထရန်ဟန်ပြင်လိုက်တော့…..

****ဟ…ဟ..ဘာလုပ်တာလဲကလေးရာကုန်တော့မှာပဲ….ဝမ်ရိပေါ်အမြန်ဖမ်းဆွဲကာအထိတ်တလန့်ကြည့်တော့မှ……..ပြုတ်ကျမှဖြင့်ကွာ………

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora