part-18

5.1K 287 12
                                    

"တိမ်ကလေးရဲ့ကောင်းကင်"
Part(18)

****မနေ့တည်းကဟာဝိုင်အီကျွန်းကိုလေယာဉ်နဲ့ရောက်နေကျတာဖြစ်သည်............အပါးတို့အမားတို့ရောကျန်းချန်မိဘတွေရောကပျော်အောင်လို့ဆိုကာ...မင်္ဂလာပွဲမစမချင်းလူချင်းမတွေ့ရဆိုကာရှောင်းကျန့်ကိုပတ်ပတ်လည်ဝိုင်းကင်းစောင့်သလိုစောင့်နေကျသည်..............လေယာဉ်ပေါ်အတက်လေးတစ်ချက်ပဲလူကြီးကိုလှမ်းတွေ့လိုက်ရသည်......မတွေ့နဲ့ဆိုပိုတွေ့ချင်တာကြောင့်လူကမရိုးမရွဖြစ်နေသည်..............ရေဆင်းကူးချင်တာလဲမင်္ဂလာမဆောင်ခင်ဘယ်မှမသွားရလို့အမားကအမိန့်ထုတ်ထားတာမို့မထွက်ရ.............ရှောင်းကျန့်မနက်ဖြန်သာရောက်ချင်နေပြီ.........ပင်လယ်ပြာပြာကြီးကိုမြင်နေရပြီးရေဆင်းကူးချင်နေပြီ..................

****ဝမ်ရိပေါ်လဲအိပ်ခန်းထဲလှဲရင်းချာတိတ်ကိုဘယ်လိုတွေ့ရမလဲအကြံဥာဏ်ထုတ်နေသည်......လူကြီးတွေကတော့ပျော်စရာအဖြစ်ဖန်တီးပေမယ့်............ဒီကလူကတွေ့ချင်လွန်းလို့မျက်နှာကမျောက်အိုမကြီးသားပျောက်သလိုဖြစ်နေပြီ................တွေ့ချင်ပါတယ်ဆိုမှကွာ...............ဝမ်နင်....ဘေးမှာဖုန်းထိုင်ကြည့်နေသောဝမ်နင်ကိုလှမ်းခေါ်ကာ....အကြံလေးထုတ်စမ်းပါဦးကွာ..........ကလေးကိုတွေ့ချင်ပါတယ်ဆိုမှ..................ဝမ်ရိပေါ်တစ်ယောက်နွေခေါင်ခေါင်ရေငတ်နေသူလိုတတွတ်တွတ်ပူဆာတော့သည်.................

****အစ်ကိုလေးရယ်မနက်ဖြန်ဆိုရင်ပဲ....အစ်ကိုလေးအပိုင်ဖြစ်ပါပြီတစ်ရက်လေးပဲကျန်တော့တာကို..........ကျွန်တော်လဲမကြံတတ်ဘူး............ရှောင်းကျန့်အခန်းရှေ့မှာလေသူ့သူငယ်ချင်းကျီးကန်းကစောင့်နေတာ...ဘယ်သူမှကိုအဝင်မခံဘူးဗျ..........သွားတွေ့လဲအပိုပဲအစ်ကိုလေးရေအခန်းထဲမှာလဲ.....သမီးကညာခိုးပြေးမှာစိုးလို့ဝိုင်းစောင့်နေသလိုပဲလူစုံတက်စုံပဲဗျ..............................တွေ့ချင်ရင်ကိုယ့်အားသာကိုယ်ကိုးတော့အစ်ကိုလေးရေ.........

****ဟာကွာ....တွေ့ချင်ပါတယ်ဆိုမျက်နှာလေးကို......နေလို့မရထိုင်လို့မရဖြစ်လာတော့အိပ်ရာထဲကနေကုန်းထပြီးချာတိတ်အခန်းဖက်ကိုကူးလိုက်သည်.......သူကဒီဖက်ထိပ်ကအခန်းဆိုချာတိတ်ကဟိုးဘက်ထိပ်ကအခန်း..အဝေးကြီးကိုထားထားသည်........မနက်ဖြန်ထိမရဘူးအခုကိုတွေ့ချင်နေတာလို့...............

တိမ်ကလေးရဲ့ကောင်းကင် (Complete)Tempat cerita menjadi hidup. Temukan sekarang