part-31

5.1K 247 0
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(31)

****အား…….ကိုကိုလက်နာနေပြီလွှတ်ပါဦး……ရှောင်းကျန့်လက်ကောက်ဝတ်ကတစ်ကယ်ကိုနာနေပြီ…..ကိုကိုလက်ကပြုတ်တူနဲ့ညှပ်သလိုအားနဲ့ကိုဆုပ်ကိုင်ထားတာကြောင့်ကြာတော့လက်ကောက်ဝတ်တောင်နီရဲနေပြီ…….ခြေလှမ်းကြဲတွေနဲ့ကားဆီသွားနေသောကိုကို့နောက်ကရှောင်းကျန့်တရွတ်တိုက်မတတ်ပါလာသည်……

****ဝင်…….ကားတံခါးဖွင့်ပေးရင်း….ရှောင်းကျန့်ကိုအတင်းကားထဲထိုးသိပ်ထည့်နေသောဝမ်ရိပေါ်ကတော့မျက်နှာကအေးစက်တည်တင်းလွန်းနေကာ…..ရှောင်းကျန့်ကားထဲထိုင်တော့မှခါးပတ်ကြိုးကိုသေချာပတ်ပေးရင်းကားတံခါးကိုလော့ပါချပစ်လိုက်သည်………သူလဲမောင်းသူနေရာဝင်ထိုင်ပြီးတာနဲ့ကားလေးကလေဆိပ်ကနေခပ်ကြမ်းကြမ်းထွက်သွားတော့သည်………..

****ကိုကို……ကိုကို….ဖြေးဖြေးမောင်းပါ….အရှိန်လျော့ပါဦ…..ကျွန်တော်ကြောက်တယ်……….ရှောင်းကျန့်ထိုင်နေသောခုံကိုလက်နှစ်ဖက်ဖြင့်အတင်းဆုပ်ရင်းဝမ်ရိပေါ်ကိုပြောနေတာ………ကိုကိုမောင်းနေတာကအရှိန်တော်တော်များသည်မြို့တွင်းမောင်းတဲ့နှုန်းထက်ကိုနှစ်ဆလောက်ရှိမယ်ထင်တယ်……ရှောင်းကျန့်ကြောက်လွန်းလို့မျက်စိစုံမှိတ်ကာနောက်မှာတရိပ်ရိပ်ကျန်ခဲ့သောကားတွေကိုမကြည့်ရဲတော့………..

****ခုမှသေမှာကြောက်နေတာလား………စောနကထွက်ပြေးတုန်းကသတ္တိတွေဘယ်ရောက်ကုန်ပြီလဲ…….. ဝမ်ရိပေါ်တစ်ကယ်ကိုဒေါသထွက်လွန်းတာကြောင့်အသားတွေပင်တုန်နေသည်………ဘေးကိုကြည့်မှမျက်စိစုံမှိတ်ကာချွေးပြန်နေသောရှောင်းကျန့်ကိုမြင်မှအရှိန်နည်းနည်းလျော့ချပစ်လိုက်တယ်…….အခုဆိုညနေပင်စောင်းနေပြီ………ခြံထဲကိုမောင်းဝင်လိုက်တာနဲ့အိမ်ပေါက်ဝမှာလည်တဆန့်ဆန့်မျော်နေသောအဖွားရင်ကိုလှမ်းမြင်နေရပြီ………..

****ဆင်း….ကားပေါ်ကနေအတင်းကိုဆွဲချကာလက်ကိုဆုပ်ရင်းအိမ်ပေါ်ထပ်ကိုတက်ရန်ပြင်နေသောဝမ်ရိပေါ်………

****ကလေး….ဘာဖြစ်လာကျတာလဲကွယ်……အဖွားရင်တွေတုန်လိုက်တာ…….ဝမ်ရိပေါ်ရဲ့ဒေါသမျက်နှာကြောင့်အဖွားနောက်ကနေမေးရင်းပါလာသည်………

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora