part-8

6.1K 373 3
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(8)

***အင်း…သူနေမကောင်းဖူးဆိုတော့လဲဘယ်တတ်နိုင်မလဲ…..ကျွန်တော်တို့ပဲသွားကျတာပေါ့…သုံးဦးသားဟိုတယ်မှထွက်လာလိုက်ကျသည်…

***ဝမ်နင်အစ်ကိုလေးတို့ထွက်လာတာမြင်တာနဲ့…တံခါးအဆင်သင့်ဖွင့်ရင်းကြိုနေသည်….အစ်ကိုလေးဒီရက်ပိုင်း စိတ်ကျန်းမာရေးကောင်းရဲ့လား….မလုပ်ဖူးတာတွေလုပ်နေတယ်….တစ်ကယ်ဆိုသူ့ကားကိုသူများစီးဖို့နေနေသာသာ သူ့တောင်ကားမောင်းခိုင်းဖို့အတွက်ပေးစီးတာ….လူစိမ်းဆိုသူ့ပစ္စည်းအသုံးပြုတာမကြိုက်သောအစ်ကိုလေးက အခုတော့ ပြပွဲပြီးရင်ကိစ္စလဲပြီးနေပြီဟာကို….ဘာစိတ်ကူးပေါက်ပြီးဒီလူတွေကျမှ….အလည်အပတ်လိုက်ပို့ဖို့ကားစီစဉ်ပေးသတဲ့…..အံသြပြီးရင်းအံ့သြရောပဲ…..မကြာခင်ငါအရူးထောင်ရောက်မှာကျိန်းသေတယ်…..ညကလဲဟိုကလေးအကြောင်းဗြုန်းစားကြီးသိချင်လာလို့…သူ့မှာတက္ကသိုလ်ပေါင်းစုံလိုက်ရှာ…စာရင်းပြုစုနဲ့အိပ်ရေးတောင်ဝအောင်မအိပ်ရ……အံမယ်စိတ်ဝင်စားတော့လဲတစ်ကယ့် အချောလေးမှနော် သူတောင်ပုံလေးတွေ့တုန်းက မျက်စိအစာကျွေးနေတာ…အစ်ကိုလေးသိရင်တော့ ကျိန်းသေအဆဲခံရမှာ…..

***ဝမ်နင်…ရှီးချန်ကောတို့ကို ကုမ္မဏီလိုက်ပို့ပေးလိုက်နော်….ငါသွားစရာရှိလို့တစ်အောင့်ပဲ နောက်ကလိုက်လာခဲ့မယ်ကြားလား….

***ကားလွှတ်ခိုင်းလိုက်ရလားအစ်ကိုလေး…ပြန်ကြိုဖို့လေ…ကျွန်တော်မလိုက်လို့ဖြစ်လား…အဆင်မပြေရင်ကျွန်တော်ရုံးကဒရိုင်ဘာခေါ်ပြီး …လန်အစ်ကိုလေးတို့ကိုပို့ခိုင်းလိုက်မယ်လေ…..(ဝမ်နင်ရယ်အလိုက်မသိလိုက်တာ..ဟိုကယောကျာ်းပိုးဖို့ကျန်ခဲ့တာဟ….)

***မလိုဘူးရတယ်….မင်းသွားစရာရှိတာသွားတော့….ငါ့ကိုစိတ်ပူမနေနဲ့…သူတို့ပဲဂရုစိုက်ပို့ပေးလိုက်…..ကြားလား…ဝမ်ရိပေါ်စိတ်မရှည်စွာမှာကြားရတော့သည်….ဒီမှာစကားများနေတာနဲ့ဟိုချာတိတ်ကိုမမှီပဲနေဦးမည်……

***သိသားပဲ…..ဟိုကလေးမပါလို့မလား…ချက်ချင်းမျက်နှာတည်တင်းနေထဲကသိသားပဲ…..မနက်ကနဲ့မနက်ပိုင်းခဏလေးတောင် မျက်နှာတော်ကတတ်လဲတတ်နိုင်ပါပေ့အစ်ကိုလေးရယ်….နာရီပိုင်းလေးကိုမျက်လှည့်ပြနေသလားပဲ….ဟွန့်…

တိမ်ကလေးရဲ့ကောင်းကင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ