part-30

4.9K 241 0
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(30)

****ဝမ်ရိပေါ်တစ်ယောက်လမ်းတစ်လျောက်ကားကိုအမြန်နှုန်းနဲ့မောင်းနေတာလမ်းကြောတွေပင်နေရာယူတာမမှန်တော့…အရှေ့ကကားတွေကိုကျော်ခွတက်ကာတိုက်မိကုန်တော့မယ့်အနေအထားတွေကြောင့်ဘေးကကားတွေကနေဆဲရေးသံတွေထွက်လာသည်…..အခုချိန်သူဘာကိုမှမမြင်တော့ပဲလီဗာကိုသာခြေဦးဖြင့်အားကုန်နင်းမိသည်…တစ်နာရီမိုင် ၁၂၀ ဆိုသောအရှိန်သည်ဒီနေ့မှနှေးနေတယ်လို့တောင်ထင်နေတယ်….မီးနီတွေလဲဖြတ်တက်လာတာကြောင့်ကားအချင်းချင်းခေါင်းချင်းဆိုင်မိတာခဏခဏ…….လေဆိပ်လမ်းပေါ်ကားလေးကလေးညှို့မှအရှိန်တင်လွှတ်လိုက်သောမြှားတံလိုတရိပ်ရိပ်ပြေးနေသည်…………

****ရွှယ်ယမ်…ငါ့ကိုဖုန်းခဏငှားစမ်းပါ…ငါ့ဖုန်းကို ကိုကိုမှားယူသွားလို့တော်ကြာကျန်းချန်ဆက်နေမှာစိုးလို့….လေဆိပ်ထဲထွက်ခွာမယ့်သူများထိုင်ရန်နေရာမှာရှောင်းကျန့်တို့ရပ်နေတာ…….

****ဟဲလို….ကျန်းချန်……မင်းသေချာလာစောင့်နေနော်…….ငါမင်းကိုမတွေ့မှာစိုးလို့လေ……..

****ရှောင်းကျန့်…….မင်းဘယ်မှာလဲ…….ဝမ်ရိပေါ်သိသွားပြီကွ……မင်းဖုန်းကဘာလို့သူ့ဆီရောက်နေရတာလဲ……..ငါမင်းဆီကိုဆက်တာသူလာကိုင်တယ်ကွ……အခုလောက်ဆိုမင်းဆီလာနေလောက်ပြီထင်တယ်…..သွားပါပြီကွာငါပါကြံရာပါဖြစ်ပြီထင်တယ်…..ဒေါ်လေးတို့ဆဲတာခံရတော့မှာပဲ….လာဖြစ်မလာဖြစ်လဲဖုန်းဆက်ဦးဟေ့ရောင်…..မင်းလုပ်တာနဲ့ငါပါနှလုံးရောဂါရတော့မှာပဲ………….

****ရွှယ်ယမ်…ကိုကိုသိသွားပြီတဲ့……လေယာဉ်ထွက်ဖို့ကလဲလိုသေးတယ်…….ငါဘယ်လိုလုပ်ရမလဲ……….ရှောင်းကျန့်ရင်တွေတုန်နေပြီ…….

****ဟမ်….သိသွားပြီလား….ဘယ်လိုလုပ်သိသွားတာတုန်း…..ငါပြောပါတယ်မင်းကိုမြေလှန်ရှာလိမ့်မယ်လို့……အခုဟိုတောင်မရောက်သေးဘူးသိသွားပြီ…….ဘယ်လိုမှမလုပ်နဲ့မင်းအခုလေယာဉ်ပေါ်တက်လို့ရမယ့်နေရာကိုသွားတော့…….ရွှယ်ယမ်တို့ပြောနေတုန်းမှာပင်ဝင်ပေါက်ဝကိုလှမ်းကြည့်လိုက်တော့ဝမ်ရိပေါ်ကားပေါ်မှဆင်းလာတာတွေ့လိုက်သည်…….သေစမ်းကွာ….ရှောင်းကျန့်ဘယ်လိုလုပ်မလဲ…ဟိုမှာ…မင်းကိုကိုလိုက်လာပြီ….မြန်လိုက်တာကွာဘယ်လိုနှုန်းနဲ့လိုက်လာလဲမသိဘူး…..

တိမ်ကလေးရဲ့ကောင်းကင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ