Part ❤️4💚

7.6K 428 2
                                    


"ရှောင်းကျန့်ရေ…မပြီးသေးဘူးလားဟ..တစ်ကယ်ထဲမှပဲ…ပန်းချီကားသွားပြမှာနော် မင်းကိုပြမှာမဟုတ်ဘူး"

ကျန်းချန်စိတ်တိုစွာအော်မိတော့သည်။သူတို့သွားရမှာကဆရာရှီးချန်ဆီပုံတွေအရင်သွားပြ အဆင်ပြေရင်ပေကျင်းကိုတစ်ခါတည်းသွားရမှာဖြစ်သည်။ပြပွဲက ပေကျင်းမှာလုပ်မှာ…နှစ်ညအိပ်ကလေးပဲသွားရမှာကို မင်းသားကအဝတ်တွေထည့်လို့ကိုမပြီးနိုင်……

"ပြီးပါပြီဟ…မင်းဆိုတာလဲပြောမယ်ဆိုတာချည်းပဲငါ့ဆိုရင်"

ရှောင်းကျန့်လဲပွဲမှာပါခဲ့ရင်ဝတ်ဖို့အတွက်အဝတ်တွေကိုခရီးဆောင်အိတ်ထဲထည့်အပြီးမှာတော့..မှန်ဆီသွားကြည့်ပြန်သည် အတွင်းကတီရှပ်လေးအပေါ်ဆွယ်တာအနီရဲရဲလေးထပ်ဆွတ်ပြီး အောက်ကဂျင်းပင်အပြာဒူးပြဲလေးနှင့်ကိုယ့်ကိုကိုယ်ကျေနပ်စွာတစ်ပတ်လှည့်ကြည့်လိုက်သည်။ငါတော်တော်ချောတာပဲ…
(အဟွတ်..ဒီလိုပဲကြံဖန်ဂုဏ်ယူရတယ်နော်မှတ်ထား)

"လာကြ….လာကြ….ထိုင်"

ဆရာဝူကထိုင်ခိုင်းတော့ရှောင်းကျန့်ရောကျန်းချန်ပါဆိုဖာပေါ်ထိုင်လိုက်ရင်း ဆရာ့ဘေးကတစ်ယောက်ကိုရှောင်းကျန့်လှမ်းကြည့်လိုက်မိသည်။တော်တော်ချောတာပဲ..

ရှောင်းကျန့်နည်းတူ..ရှီးချန်မှာလဲ စဝင်လာကတည်းမျက်နှာလေးနုဖတ်ပြီးယောကျာ်းလေးတန်မဲ့ချောလွန်းသောကောင်လေးကိုကြည့်နေမိသည်။အင်း…တော်တော်တော့ငယ်ဦးမယ်…အား….ငါဘာတွေတွေးနေတာလဲအဲ့တာ ယောကျာ်းလေးလေ…ငါကရောဘာတွေစဉ်းစားနေတာလဲ….ဟူး…

"ရှီးချန်..ဒါက ကျန်းချန် ဒီကတစ်ယောက်ကတို့ပန်းချီကျောင်းက Beauty Princes ရှောင်းကျန့်....အပြုံးမင်းသားလို့လဲခေါ်တယ်…ဟားဟားးးး "

ဆရာဝူကအရွှန်းဖောက်ရင်းပြောတော့ရှောင်းကျန့်ရှက်လွန်း၍ပါးတွေရောနားရွက်တွေပါပူလာသည်။

"ဆရာကလဲနောက်ပြန်ပြီ…ဆရာဒီမှာပန်းချီကားတွေ"

ရှီးချန်တစ်ယောက်ပန်းချီကားတွေကိုအသေးစိတ်လိုက်ကြည့်ပြီး သဘောကျနေသည်။

တိမ်ကလေးရဲ့ကောင်းကင် (Complete)Where stories live. Discover now