Part ❤️2💚

11.4K 499 3
                                    


ရှောင်းကျန့်စက်ဘီးလေးကို ဖြေးဖြေးချင်းမြေနီလမ်းလေး အတိုင်းနင်းလာသည်။ ဒီနေ့ရာသီဥတုသာယာသလို အေးစိမ့်စိမ့်လေးမို့ ပန်းချီဆွဲစရာ ပစ္စည်းအစုံအလင်ကို စက်ဘီးနောက်လေးတင်ပြီး သူတို့မြို့ရဲ့အေးချမ်းလှပသောတောင်ကုန်းလေးရှိရာကိုသွားနေခြင်းဖြစ်သည်။ ရှောင်းကျန့်ကလူများသောနေရာတွေကိုမကြိုက် ဆူညံသောနေရာတွေက ပန်းချီဆွဲလို့မကောင်းပေ။

ရှောင်းကျန့်နေသည့် ချုံချင်းမြို့လေးက အေးချမ်းလှပသည်။တောင်ကုန်းလေးတွေပေါ် အိမ်လေးတွေဆောက်ထားပြီး လူဦးရေလဲသိပ်မထူထပ်ပေ။ရှောင်းကျန့်မိဘနှစ်ပါးလုံးကလဲကော်ဖီဆိုင်လေးဖွင့်ထားပြီး မိသားစုကလဲအတော်အသင့်ပြည့်စုံသည့်အထဲပါတော့ ရှောင်းကျန့်ကိုမိဘနှစ်ပါးလုံးက ကိုယ်ဝါသနာပါရာအလုပ်လေးလုပ်ပြီး စိတ်ချမ်းသာတာပဲမြင်ချင်ကျသည်။ဟုတ်တယ်လေ...သူတို့မှာဒီသားလေးပဲရှိတာ ဒါကြောင့်လဲရှောင်းကျန့်က မိဘတွေရှေ့ဆိုခပ်ချွဲချွဲနဲ့နေတတ်သောကြောင်ပေါက်ကလေးလိုပင်။ရှောင်းကျန့်အသက်က အခုမှ ၁၉ နှစ်သာရှိသေးသည်။ ကျောင်းပြီးရင် ကိုယ်ပိုင် ပန်းချီပြခန်းလေးဖွင့်နိုင်ဖို့ရည်မှန်းထားတာလဲဖြစ်သည် ။သူ့ သူငယ်ချင်းအပေါက်ဆိုးဆိုး ကျန်းချန်နှင့်စပ်တူတွဲဖွင့်ရန်လဲပြောထားသည်။အဲ့ကောင် တစ်ကယ့် ဂွစာကောင်...ဒီနေ့လဲပန်းချီတူတူဆွဲရအောင်ချိန်းထားတာကို ဖုန်းထဲကနေနားကွဲမတတ်အော်ထုတ်၏။

'ကျောင်းလေးတစ်ရက်တည်းပိတ်တာကို ကောင်းကောင်းမနားရလို့တဲ့လေ....လဒူကောင် နောက်နေ့ကျောင်းရောင်မှတွေ့မယ် ဒင်းနဲ့'

ဒီနေရာလေးကချုံချင်းကအေးချမ်းတိတ်ဆိတ်လှပသောနေရာလေး။ ဒီနေရာလေးကို ဟိုတလောကမှစက်ဘီးလျောက်စီးရင်း ရှောင်းကျန့်တွေ့ထားတာ...ကျန်းချန်နဲ့တူတူပုံလာဆွဲမယ်လို့စဉ်းစားထားတာကို...။

'အဲ့ကောင် အဲဒါကြောင့် လပတ် exam ဆိုတစ်ဖုန်းဖုန်းကျတာလဲမပြောနဲ့..ယူတော့ပန်းချီမေဂျာ ခေါင်းကကျ စဉ်းစားတိုင်းအကြွေစေ့ပဲထွက်တဲ့ခေါင်း...စီးပွားရေးယူပါပြောတော့ မင်းစိတ်မချလို့တဲ့...ဘာမှမဆိုင်ဘူးသူ့ဘာသာ အဖော်မရှိလို့များ ဟွန့်'

တိမ်ကလေးရဲ့ကောင်းကင် (Complete)Where stories live. Discover now