part-25

4.4K 239 8
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(25)

****ကိုကိုဒါလေးစားကြည့်….ရိပေါ်ပန်းကန်ထဲဟင်းတွေထည့်ပေးလိုက်…..ဝမ်နင်ကောဒါလေးကောင်းတယ်…အဖွားရင်…အဖိုးလေးဒါလေးကလူကြီးနဲ့တည့်တယ်ဆိုပြီးဟင်းတွေလိုက်ခပ်ထည့်ပေးနေတာ…..သူ့ကလေးထမင်းတောင်ကောင်းကောင်းမစား……

****ကလေးရယ်ထမင်းလဲစားဦး……ကိုယ့်ဘာသာခပ်စားမှာပေါ့….ခုထိဘာမှလဲဟုတ်တိပတ်တိမစားရသေးဘူး…….ရိပေါ်မနေနိုင်တော့ပဲဝင်ပြောရတော့တယ်……………

****ဟုတ်သားပဲရှောင်လေး…ကောတို့ဘာသာစားပါ့မယ်…ဒါနဲ့ရှောင်လေးအရမ်းဟင်းချက်တော်တယ်နော်..အရမ်းစားလို့ကောင်းတယ်…နေ့တိုင်းသာစားရလို့ကတော့…ဝမ်နင်ကရှောင်းကျန့်ကိုချီးကျူးရင်းထမင်းစားနေတာလဲပလုပ်ပလောင်း……….

****ဘာကွ…မင်းဘာသာချက်စားတတ်အောင်သင်လေ………ငါတောင်မခိုင်းရက်လို့ဘာမှမလုပ်ခိုင်းတာကိုမင်းကများ…….ရိပေါ်ထမင်းစားရင်းရန်လုပ်တော့….ဝမ်နင်ခမျာထမင်းတွေလည်ချောင်းဝမှာတင်လမ်းကြောင်းတွေလွဲကုန်ပြီလားမသိ…..ထအော်လိုက်တာများ…..

****အင်းပါ..အစ်ကိုလေးရယ်မခိုင်းပါဘူး….သဘောပြောပြတာပါ…အော်လိုက်တာထမင်းတောင်ဘယ်ရောက်ကုန်ပြီလဲမသိဘူး…..ဟင်းချိုခပ်သောက်ရင်းပြန်ပြောသောဝမ်နင်နှင့်..မျက်လုံးပြူးကာရန်တွေ့နေသောရိပေါ်ကိုကြည့်ကာ..ကျန်တဲ့သူများမှာပြုံးမိရသည်……….

****ရှောင်းကျန့်ပခုံးလေးကိုဖက်ကာရိပေါ်လမ်းလျောက်လာသည်……မြက်ခင်းစိမမ်းစိမ်းလေးပေါ်ချထားသောဒါန်းဖြူဖြူလေးပေါ်နှစ်ဦးသားထိုင်လိုက်ရင်း…………

****ကိုကိုနဲ့ကလေးတောင်လက်ထပ်ထားတာ…ငါးလတောင်ပြည့်တော့မယ်နော်ကိုကို……ကလေးနောက်နှစ်လဆိုရင်ကျောင်းပြီးပြီနော်…..ရှောင်းကျန့်ရိပေါ်ရင်ခွင်ထဲတိုးဝင်ရင်းပြောတော့…..

****ဟုတ်ပ…ကိုကို့ကလေးလေးတောင်တက္ကသိုလ်တက်လို့ပြီးတော့မှာပဲ…….ကလေးကဘာလုပ်ချင်လို့လဲ……နဖူးလေးကိုငုံနမ်းကာမေးလိုက်ရင်း……..

****ကလေးပြောမလို့…ကျန်းချန်ကလေအခုကျောင်းဆက်မတက်တော့ပဲ…စီးပွားရေးဘွဲ့ယူပြီးပေကျင်းကိုလာမလို့တဲ့….ပြီးတော့လေကိုကို…ဟို….ဆက်မပြောပဲရင်ခွင်ထဲငြိမ်သွားသောရှောင်းကျန့်…….

တိမ်ကလေးရဲ့ကောင်းကင် (Complete)حيث تعيش القصص. اكتشف الآن