Part-32(Zawgyi)

994 40 0
                                    

Part(32)

****ဟင့်အင်း…….ကျွန်တော်အိပ်ချင်နေပြီ…….ရှောင်းကျန့်အတင်းပြန်ရုန်းကာကုတင်ပေါ်မှဆင်းရန်လုပ်လိုက်သည်…..မရဘူး….ညနေကသူ့ကိုအော်ထားတာဝမ်နည်းနေတုန်း……ပြန်တွေးကာစိတ်ကကောက်ချင်လာသည်…..

****ဝမ်ရိပေါ်ကုတင်ပေါ်ကဆင်းပြေးရန်ကြံနေသောရှောင်းကျန့်ကိုဆောင့်ဆွဲကာအရှိန်နဲ့အိပ်ရာပေါ်ပြန်ကျလာမှကိုယ်လုံးဖြင့်ဖိကာမျက်နှာလေးကိုစေ့စေ့ကြည့်လိုက်သည်…….စောနကသီချင်းဆိုတာအသံသိပ်မကောင်းဘူး….ဂစ်တာတီးကလဲညံ့လိုက်တာကွာ…..အဆွေးသီချင်းတွေဆိုနေတာဘေးကကြားရင်မင်းကိုကိုယ်ထားသွားတယ်ထင်နေဦးမယ်……တော်ကြာအထားခံရတဲ့လူမှားနေမယ်နော်…..ဝမ်ရိပေါ်ပြုံးစိစိပြောတော့မသိချင်ယောင်ဆောင်နေတာ……အသည်းယားစရာလေးကွာ………

****ကိုကိုနားထောင်ဖို့ဆိုပြတာမှမဟုတ်တာ……ပြီးတော့သူများတီးတာနားထောင်ပြီးဟိုဟာမကောင်းဘူးဒီဟာမကောင်းဘူးနဲ့ပြောရအောင်ကိုကိုတီးတတ်လို့လား…..ကိုကိုစိတ်ပြေပြီဆိုတော့ရှောင်းကျန့်မကျေနပ်တာတွေကိုစုပုံကာရန်တွေ့တော့သည်………

****ကိုကို.တီးတတ်တတ်မတတ်တတ်လေ…..ဆိုတဲ့သူကနားထောင်ကောင်းအောင်ဆိုမှလိုက်နားထောင်တဲ့လူကလဲအပြည့်ဝဆွေးရမှာပေါ့….ချာတိတ်ကအသံလဲမကောင်းတော့တစ်ဝက်တစ်ပျက်ပဲဆွေးလိုက်ရတယ်….

****နားထောင်မကောင်းရင်ဘာလို့နားထောင်လဲ….နားထဲဂွမ်းဆို့ထားပေါ့…..ဖယ်…လွှတ်….ကျွန်တော့ကိုမထိနဲ့…

****ဆို့စရာလား…..ဘယ်သူကလဲချာတိတ်ကိုဆိုပြပါလို့တောင်းဆိုလို့လဲ….ကိုအဲ့အသံလေးတွေပုလင်းလေးနဲ့ထည့်သိမ်းထားလို့ရရင်သိမ်းထားချင်တာ…..သူများတွေကြားအောင်ဆိုတာကိုယ်မကြိုက်ဘူးနော်နောက်အဲ့လိုမဆိုနဲ့……..

****ဆိုမှာ…အခုကိုပြန်ဆိုဦးမှာ…..ရှောင်းကျန့်စိတ်တိုကာအတင်းကုန်းရုံးထတော့သည်……သက်သက်လူကိုပြောဆိုပြီးမှ…ဟွန်း…..

****ဆိုကြည့်လေ….ကိုယ်ဘာလုပ်မလဲလို့…ရိပေါ်နှာခေါင်းချင်းပွတ်တိုက်ကာဆိုရင်းကုတင်ပေါ်ကဆင်းဖို့လုပ်နေသောသူကိုလှမ်းချုပ်ရင်းရီလိုက်သည်……သူ့ကိုပြန်စိတ်ဆိုးနေတာပေါ့ကလေးက……….

တိမ်ကလေးရဲ့ကောင်းကင် (Complete)Onde histórias criam vida. Descubra agora