part-39(final)

9.8K 315 47
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(39)

****ဒေါင်….ဂွမ်….အား..သေပါပြီကွာ…..ကလေးနှစ်ယောက်ပစ်ပေါက်သော ဆော့စရာတစ်ခုကထမင်းစားဖို့အတွက်လာခေါ်သောရှောင်းကျန့်ခေါင်းကိုတည့်တည့်လာမှန်သည်…….နာသွားတဲ့နဖူးကိုပွတ်ရင်းတစ်တောက်တောက်ပြေးလွှားဆော့နေတဲ့ဝက်ကလေးနှစ်ယောက်ကိုလိုက်ဖမ်းရတော့သည်…..ရှောင်းယွမ်…..စစ်ယွမ်…..မပြေးကျနဲ့လေ..ချော်လဲဦးမယ်….ပါးပါးတို့ထမင်းစားရအောင်……….

****ချားဘူး….ပါပါ့….စကားမပီကလာပီကလာနဲ့ရှောင်းယွမ်လေးကပတ်ပြေးရင်းပြန်ဖြေရှာတယ်……..အော်…တော်တော်ကိုအဖေလုပ်သူစကားကိုအပြည့်အဝနားထောင်တာပဲနော်………

****မရဘူး….စားရမယ်….တော်ကြာဒယ်ဒီပြန်လာရင်မင်းတို့ကစားကျမှာမဟုတ်ဘူး…….လိမ္မာပါတယ်ကွာ….ပါးပါးသားလေးတွေကနော်…လာ..လာ…လက်ကိုဆန့်တန်းကာရှောင်းကျန့်ဖက်ရန်ဟန်ပြင်နေသည်……….

****ပါပါ့…သားသားတို့ကိုအဲ့လိုခေါ်နဲ့….ဝက်တွေမဟုတ်ဘူး…..ကြားလား…..

****ဟမ်…..လာလို့မခေါ်လို့ဘယ်လိုခေါ်ရမှာလဲ..ပါးပါးက…အတတ်ကလေးတွေကအပြောကိုမခံ………..

****သားသားရေ…မံမံစားမယ်လို့ပြော…ဝက်ခေါ်သလို…လာ.လာနဲ့ခေါ်နဲ့ကြိုက်ဖူး………..

****ခွီး….သာလိကာလေးနှစ်ယောက်….အေးပါကွာ…..ပါးပါးသားအချောလေးတွေလာပါကွာထမင်းစားမယ်နော်………..

****လာမြှောက်မနေနဲ့….ကိုယ့်ဘာသာချောတာသိပြီးသား………တစ်ခါလာလဲဒီရုပ်ရည်ပဲလာထိခိုက်နေတယ်…ဟွန့်………

****အောင်မယ်လေးဗျာ……….ငါ့သားတွေမှဟုတ်ရဲ့လား…..ဒီလောက်ကိုယ့်ဘာသာ အရမ်းကိုကွန်ဖီးဒန့်နေကျတာ…ကိုကို့ပြောတာတွေငါဝဋ်လည်တာပါ……

****ပါပါ့….ရွှတ်….ရှောင်းကျန့်ပါးကိုတစ်ဖက်စီလာနမ်းသောငမွှေလေးတွေ….

****လာ…ပါးပါးညနေကျရင်…ဒယ်ဒီပြန်လာရင်အတူကာတွန်းကြည့်ကြမယ်လေ…..

****အွန်း…..ဒယ်ဒယ်ပြန်လာတော့မှာလား……..

****ဘယ်နှယ့်ဒယ်ဒယ်တုန်း….အဲ့လိုမခေါ်ပါနဲ့ဆိုနားဝင်ဆိုးလိုက်တာ……ဒယ်ဒီပဲခေါ်ပါဆို……

တိမ်ကလေးရဲ့ကောင်းကင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ