part-24

4.3K 241 3
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(24)

****တောက်…ကိုခပ်ကြိတ်ကြိတ်ခေါက်ရင်းဝမ်ရိပေါ်အရှေ့မှရှိသောသူကိုမီးထတောက်မတတ်အကြည့်များဖြင့်ကြည့်မိလိုက်သလို…..အတွေးထဲလဲဒီလိုနိုင်ငံခြားနှင့်ပူးပေါင်းမယ့်ရှယ်ယာရှင်အစည်းအဝေးမှာဒီမိန်းမဘာလာလုပ်တာလဲ……တစ်ခုပဲတွေးလို့ရသည်…ဒီအထဲဒီမိန်းမအပိုင်ကပ်သောသူဋ္ဌေးတစ်ယောက်ရှိနေလို့နေမှာ…..ငွေမျက်နှာကလွဲဘာမှမမြင်သောဒီလိုမိန်းမနှင့်လာဆုံတာပဲတော်တော်ကံဆိုးတယ်……….

****Hello ဒါလင်..မတွေ့ရတာတောင်တော်တော်ကြာပြီနော်….ဒါလင့်သတင်းတွေကိုရွှယ်မိန်ကြားပါတယ်…..ဒါလင်ကိုချီးကျူးတာနောက်ကျလို့တောင်းပန်တယ်နော်…..မထိတထိလာစနေသောရွှယ်မိန့်ကြောင့်ရိပေါ်အစည်းဝေးခန်းမှထထွက်သွားချင်စိတ်ပင်ပေါက်လာသည်……ထလို့ကလဲမဖြစ်…နိုင်ငံခြားကိုထိုးဖောက်ဖို့နာမည်ရနေသောတရုတ်ကုမ္မဏီဖြစ်သော…SM နှင့်လက်တွဲဖို့လိုသည်…….

****မင်း..ငါ့ကိုအဲ့လိုခေါ်ခွင့်မရှိဘူးကျင်းရွှယ်မိန်…..မင်းအဲ့လိုခေါ်ရလောက်အောင်မင်းနဲ့ငါရင်းနှီးမှု့အဲ့လောက်မရှိဘူး……အံကြိတ်သံနှင့်ပြောတော့သဘောကျသလိုရီသည်……မျက်နှာကိုလက်သီးနဲ့ထထိုးလိုက်ရရင်တော့ကွာ…………….

****ဒါလင်ကလဲစိတ်ကြီးပဲ…..ရွှယ်မိန်ကဒီတိုင်းခေါ်လိုက်တာပါ…ဒါမယ့်အခုအစည်းဝေးမှာအရေးကြီးလက်မှတ်ထိုးရမယ့်သူကိုဒါလင်တွေ့ရင် တို့ကိုဒီလိုဒါလင်ပြောမှာမဟုတ်ဘူးနော်….ရွှယ်မိန်ကတော့ရိပေါ်မျက်နှာကိုသာရီဝေနေသောမျက်လုံးများနဲ့ကြည့်ရင်းတစ်ချိန်ဖြူစင်တုန်းကချစ်ရသူကိုမျက်လုံးထဲမြင်နေရဆဲ…အခုထိလဲရွှယ်မိန်အချစ်ဦးကိုခုထိရင်ခုန်သေးတယ်ပြောရင်အရှေ့ကသူ့ကိုစားမတတ်ကြည့်နေသောရိပေါ်တစ်ယောက်ထများရယ်မလား…………ရွေးချယ်စရာရွှယ်မိန့်မှာအဲ့ချိန်တုန်းကမရှိခဲ့လိုပါ…ကိုရယ်…….

****အခုအတူပူးပေါင်းမယ့် XZ & SM groups က CEO များလက်မှတ်ထိုးဖို့အရှေ့ကိုလှမ်းလာပေးပါခင်ဗျာ….အရှေ့မှာပူးပေါင်းလက်မှတ်ထိုးဖို့အတွက် နှစ်ဖက်သောတာဝန်ရှိသူများကစောင့်ကြိုနေသည်....ရိပေါ်သက်ပြင်းချရင်းလက်မှတ်ထိုးပြီးရင်ဒီကနေချက်ချင်းပြန်မယ်…..ဒီမိန်းမယုတ်နဲ့ထပ်မဆုံရအောင်…..ရိပေါ်ထိုင်ရာမှအထ….အရှေ့ကသူနှင့်အတူတစ်ပြိုင်ထဲထသောကျင်းရွှယ်မိန်ကိုမျက်မှောင်ကုတ်ကြည့်လိုက်မိသည်……ဒီမိန်းမက SM ရဲ့CEO လားမဖြစ်နိုင်လောက်ပါဘူး………….

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora