Part ❤️6💚

6.9K 418 4
                                    

"ဝမ်နင်..မင်းလာနေပြီလား"

ဝမ်နင်ကိုဖုန်းဆက်လှမ်းမေးရင်ဧည့်ခံပွဲမှဝမ်ရိပေါ်ထွက်လာလိုက်သည်။သူ့အတွင်းရေးမှုးလဲဖြစ်ညီအစ်ကိုဝမ်းကွဲလဲတော်စပ်သောဝမ်နင်ကသူ့အတွက်လိုလေသေးမရှိလုပ်ပေးရှာသည်..သူ့ရဲ့ဒဏ်ကိုတော်ရုံသည်းညည်းမခံနိုင်ကျပေ…အစားလဲချေးများ…အသန့်လဲအရမ်းကြိုက်…တစ်ခုခုဆိုစိတ်တိုင်းကျဖို့မလွယ်သောသူ့ကိုအရင်အတွင်းရေးမှုးများဒဏ်မခံနိုင်ကျပေ….ဝမ်နင်ကသူ့ဆိုတော်တော်ကိုသည်းခံပြီးအလိုက်သိလွန်းသောညီငယ်လေးပါပဲ…အခုလဲဒင်နာမှာသူ့ကိုထားခဲ့ပြီးသူခိုင်းထားသောအလုပ်ကိစ္စများကိုလှည့်ကြည့်စရာမလိုအောင်သေချာအပြီးသတ်ခဲ့မှာသူသိသည်။

"ဟုတ်ကဲ့..ပြန်လာနေပြီအစ်ကိုလေး…နောက်၅မိနစ်လောက်ပါပဲ"

ဝမ်နင်ကားကိုအရှိန်နည်းနည်းမြှင့်ရင်းဖုန်းပြန်ဖြေမိသည်…နောက်ကျလို့မဖြစ်တော်ကြာအစ်ကိုတော်ဦးစိတ်တိုက ဒေါသထွက်ပြီးအော်နေမှ….

"ကျွီ"

ဘေးနားရပ်လာသောကားကိုကြည့်လိုက်တော့ကားပေါ်က ဝမ်နင်တစ်ယောက်ကပျာကယာဆင်းလာပြီး…

"စောင့်နေရတာကြာပြီလားအစ်ကိုလေး"

ဝမ်နင်တံခါးလဲဖွင့်ပေးရင်းအစ်ကိုလေးမျက်နှာလှမ်းကြည့်လိုက်တော့ ရာသီဥတုသာယာနေ၏။တော်ပါသေးရဲ့ အအော်မခံရလို့….

"ဝမ်နင်….ငါ့ကိုလန်ရှီးချန်နဲ့ပြပွဲအတူလုပ်တဲ့ကောင်လေးကိုစုံစမ်းပေး…သူ့အကြောင်းကိုဆံပင်မွှေးတစ်ချောင်းကအစငါအကုန်သိချင်တယ်….ဒီညတွင်းအကုန်စုံစမ်းပေး"

ဝမ်ရိပေါ်တစ်ကယ်လဲထိုချာတိတ်လေးကိုစိတ်ဝင်စားသည်…အထူးသဖြင့်ရီလိုက်တိုင်းပေါ်လာတဲ့ယုန်သွားလေးနှစ်ချောင်း….နှုတ်ခမ်းပါးလေးနားကမှဲ့နက်လေး…ပြီးတော့ အနမ်းချိုချိုလေး…သူမနမ်းဖူးတဲ့လူရိုင်းလေးလဲမဟုတ်ပေ…..အခုတော့နမ်းပြီးတာဖြင့်ကြာနေပြီ မျက်လုံးထဲဂျင်းပင်အပြာလေးနဲ့ဆွယ်တာအနီရဲရဲလေးဝတ်ထားသော မျက်နှာနုနုလေး…ထပ်ပြီးတော့နမ်းချင်တယ်အဲ့နှုတ်ခမ်းပါးလေးကို…ရိပေါ်ကိုယ့်အတွေးကိုသဘောကျစွာပြုံးမိသည်…ဒီခံစားချက်မျိုးမခံစားရတာတောင်နှစ်တွေကြာလှပေါ့…အခုတော့…မင်းတစ်ကယ်ပဲချာတိတ်…အပြုံးထဲဘာထည့်ထားတာလဲ…တစ်ကယ်စွဲလမ်းဖို့ကောင်းတယ်ချာတိတ်လေး…..

တိမ်ကလေးရဲ့ကောင်းကင် (Complete)Donde viven las historias. Descúbrelo ahora