part-12

5.4K 313 6
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(12)

****ဝမ်ရိပေါ်က ဒရာမာကောင်းကောင်းဆန်နေတဲ့အချိန်…….ရှောင်းကျန့်…ကျန်းချန်….လန်ရှီးချန်တို့သုံးဦးသားကတော့ချုံချင်းကိုမိုးချုပ်မှပြန်ရောက်ကျသည်…….

****ရှီးချန်ကော..မနက်ကျမှကျောင်းမှာပြန်တွေ့မယ်နော်…..လိုက်ပို့ပေးတာကျေးဇူးပါပဲ..ပြပွဲအတွက်ရောအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ…….ခါးကိုညွှတ်ကာနှုတ်ဆက်နေသောရှောင်းကျန့်….သူတစ်ကယ်လဲရှီးချန်ကောကိုကျေးဇူးတင်တာပါ……ရှီးချန်ကောကြောင့်လဲသူအခုပန်းချီပညာကိုပိုပြီးအသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ်လုပ်ကိုင်ဖို့ယုံကြည်ချက်တွေပိုရှိလာသည်…….

****အာ……ရပါတယ်ရှောင်းကျန့်ရဲ့ကောကိုအားနာစရာမလိုပါဘူး……ရှောင်းကျန့်ကိုတောင်ကောကကျေးဇူးတင်ရဦးမှာ….ရှောင်းကျန့်ကြောင့်ပန်းချီကားတွေပိုပြီးများများစားစားနဲ့ပိုပြီးပြနိုင်ခဲ့တာလေ……ကောချည်းပဲဆိုပြသာပြမှာ…….ပန်းချီကားအချပ်ရေအဲ့လောက်များမှာမဟုတ်ဘူးလေ………ဒါဆိုမနက်မှကျောင်းမှာတွေ့ကျတာပေ့ါ……ဘိုင့်…ကောသွားပြီနော်……..လန်ရှီးချန်ကားလေးထွက်သွားတာကိုလှမ်းကြည့်ပြီးမြင်ကွင်းမှပျောက်သွားမှအိမ်ထဲဝင်ရန်လှည့်လိုက်တော့……….

****ပြီးပြီလားငမ်းလို့…….ကျန်းချန်ရဲ့ဘုတောသံကိုကြားလိုက်ရသည်……နေပါဦးမင်းကိုအခုမှမေးရမယ်…..စောနကရှီးချန်ကောရှိနေလို့……..ကောက်ကာငင်ကာနဲ့ဘာထဖြစ်တာတုန်း………ပြီးတော့မင်းရှီးချန်ကောကိုသဘောကျနေတာလား……ဟိုကလဲမင်းပဲအရိပ်တကြည့်ကြည့်နဲ့….ငါ့တောင်မျက်စိထဲမြင်ရဲ့လားမသိဘူး…..ကျန်းချန်ကတော့ပြန်လာသောလမ်းတစ်လျောက်စိတ်တိုလာသည်………..ရှီးချန်ကောဆိုတာလဲပြန်လာတဲ့တစ်လမ်းလုံး ကားသာမောင်းနေတာမျက်စိကအရှေ့ကိုမကြည့်…နောက်ကြည့်မှန်ကနေရှောင်းကျန့်အိပ်နေတာကိုကြည့်လိုက်ပြုံးလိုက်နဲ့……မသိသူ့စော်အိပ်နေတာကျနေတာပဲ……..မအိပ်တဲ့ကျန်းချန်ကျတော့စကားတောင်ပြောဖော်မရ……..လူကတစ်လမ်းလုံးပျင်းလို့သေတော့မယ်………တစ်ခါတစ်ခါကျအမားကိုမေးချင်တယ်…ရှောင်းကျန့်လိုလှနေချောနေအောင်သားကိုဘာလို့မမွေးပေးတာလဲလို့…….ရှောင်းကျန့်တို့ကျတော့သွားလေရာစန်းပွင့်သည်..ယောကျာ်းရောမိန်းမရော.အပိုးခံရတာများ……..

တိမ်ကလေးရဲ့ကောင်းကင် (Complete)Onde histórias criam vida. Descubra agora