part-22

5K 259 3
                                    

“တိမ်ကလေးရဲ့ကောင်းကင်”
Part(22)

****မနက်စာ စားသောက်ပြီးချိန်မှာတော့နှစ်ဦသားပင်လယ်ကမ်းခြေဘက်သို့ဆင်းလာကျသည်…….ဝေ့….ကျန်းချန်…ငါလဲလာမယ်…..ရိပေါ်တွဲထားသောလက်တွေကိုဖြုတ်ကာ……ရေထဲသို့အတင်းဆင်းပြေးသွားသောရှောင်းကျန့်ကိုဖမ်းဆွဲချိန်တောင်မရလိုက်………..သူအဲ့တာကြောင့်မို့ကလေးကိုမထားခဲ့ချင်တာ….မတရားဘူးဆိုပေမဲ့လဲသူသာကလေးရဲ့အရာရာဖြစ်စေချင်သည်……အခုတောင်လူကြီးငုတ်တုတ်ရှိတာတောင်ပြေးသွားတာက..ကျန်းချန်ဆီ…ဖင်လေးကိုသာမေးမေးပြီးရိုက်ပစ်လိုက်ချင်သည်…ကျန်းချန်ကကလေးယောက်ျားလား…ရိပေါ်က.ကလေးယောကျာ်းလားဆိုတာကို…..အခုတော့ပြေးသွားတဲ့နောက်ကိုသာလိုက်ရတော့သည်…..မကျေနပ်ချက်တွေကကမ်းခြေပေါ်ကသဲတွေဆီခြေထောက်လွှဲကန်ရင်းဖြေလိုက်ရသည်………..ကလေးဆန်တယ်ပဲပြောခံရပါစေ..သဝန်တိုတယ်ကွာ…………

****ရှောင်းကျန့်….ဒီကိုလာ..ဒီမှာလှိုင်းစီးလို့ကောင်းတယ်ကွ….သူ့ဆီပြေးလာသောရှောင်းကျန့်ကိုကျန်းချန်ကလဲရေထဲကနေပြန်လှမ်းအော်သည်………..အနောက်ကဝမ်ရိပေါ်စူပုတ်ကိုမမြင်…အတင်းကုန်းရုန်းကာအော်နေသောကျန်းချန်…….

****ကျန်းချန်ဘေးရေကူးနေသောဝမ်နင်ကတော့..အစ်ကိုလေးမျက်နှာကရာသီဥတုက..မီးဖိုပေါ်ကရေနွေးပွက်ပွက်ဆူနေသလိုပုံမို့…အစ်ကိုလေး…လှမ်းခေါ်လိုက်တော့ဝမ်နင်ဘက်ကိုလှည့်ကြည့်သည်…အခုမှမြင်သွားသလိုပုံနဲ့လက်ယပ်လှမ်းခေါ်တော့..ကမ်းစပ်ကိုပြန်တက်ကာအစ်ကိုလေးဆီဝမ်နင်လျှောက်သွားလိုက်သည်…..

****အစ်ကိုလေး…ရေမကူးဘူးလား….ရေကူးဘောင်းဘီနဲ့ဆင်းလာပြီးကမ်းစပ်မှာရှုတည်တည်နဲ့မတ်တပ်ရပ်နေလို့မေးလိုက်တော့…..

****အဲ့ကောင်ရှင်းပေးငါ့ကို…..စူပုတ်ပုတ်နဲ့အသံထွက်လာသည်…..

****အမ်…ဘယ်ကောင်ကိုရှင်းပေးရမှာလဲအစ်ကိုလေး…အစမရှိအဆုံးမရှိမို့ ဝမ်နင်ကြောင်တောင်တောင်နဲ့ပြန်မေးရတော့သည်…..

****ဟို..လောရှည်ကောင်ကိုပြောနေတာ…အလိုက်ကမ်းဆိုးမသိဘူး…ကလေးကိုရေထဲကနေမြှူဆွယ်နေတာလေကြည့်ပါလား……မေးငေါ့ကာပြောရာကြည့်မှကျန်းချန်နှင့်ရှောင်းကျန့်ရေဆော့နေတာကိုမြင်သည်……

တိမ်ကလေးရဲ့ကောင်းကင် (Complete)Tempat cerita menjadi hidup. Temukan sekarang