Chapter-1 I'm Pregnant

42.7K 2K 42
                                    

Zawgyi

"ငါ့မှာကိုယ်​၀န်​ရှိ​နေပြီ.."

စုဇစ်​​ယောင်​တစ်​​ယောက်​ ပါးပါးလှပ်​လှပ်​ရှိတဲ့ အားကစားဝတ်​စုံကိုဝတ်​ထားသည်​။လက်​တစ်​ဖက်​ကိုဆန့်​တန်းပြီး လင်​ကျန်းရီကိုတားထားသလို အခြားတစ်​ဖက်​ကသူ့ခါးကိုသူထိန်းကိုင်​ထား၏။
ရုံးဆင်းချိန်​​ရောက်​​နေသည်​မို့ လူအုပ်​ကြီးက လင်​လုပ်​ငန်းစုမှာ ပျားပန်းခတ်​လှုပ်​ရှား သွားလာ​နေကြသည်​။လင်​ကျန်းရီ ပတ်​၀န်းကျင်​ကို​လေ့လာလိုက်​သည်​။သူ့​ရှေ့ကတားဆီးထားတဲ့ အိုင်းရစ်​ပန်း​တွေလိုတလက်​လက်​​တောက်​ပ​နေပြီး ခြိမ်း​ခြောက်​မှု​တွေပြည့်​​နေတဲ့ ​ကောင်​​လေး​ကြောင့်​ စိတ်​အ​နှောင့်​အယှက်​ဖြစ်​​နေရသည်​။

လွန်​ခဲ့တဲ့သုံးလက night clubတစ်​ခုကို သူသွားခဲ့သည်​။အဲ့အချိန်​က စုဇစ်​​ယောင်​ဆိုတဲ့အမျိုးသားတစ်​ဦးနှင့်​​တွေ့ပြီး စိတ်​တူကိုယ်​တူရှိခဲ့ကြ၏။အခန်းတစ်​ခုထဲမှာ ​စောင်​​တွေကြားထဲ အတူတူလူးလှိမ့်​ခဲ့ကြတဲ့အ​ခြေအ​နေထိသွားခဲ့ကြသည်​။သူတို့နှစ်​​ယောက်​လုံးအတွက်​ အချိန်​​ကောင်း​လေးရခဲ့၏။အားလုံးပြီးတဲ့​နောက်​မှာ​တော့ အခြားone night stand​တွေလိုပဲ သူတို့​တွေနှုတ်​ဆက်​ခွဲခွာခဲ့ကြသည်​။

အဲဒီ့​နောက်​မှာ​တော့ စုဇစ်​​ယောင်​သူ့ရဲ့ဖုန်းနံပါတ်​ကိုဘယ်​လိုရသွားလည်းမသိ။နေ့တိုင်းဖုန်း​တွေ​ခေါ်ပြီး သူ့မှာကိုယ်​၀န်​ရှိ​နေပြီဆိုတဲ့အ​ကြောင်း​ပြောသလို တာဝန်​ယူဖို့​ပြောလာသည်​။

လင်​ကျန်းရီသူ့စကား​တွေကိုမယုံခဲ့​။ယောက်ျား​လေး​တွေက ဘယ်​လိုလုပ်​ကိုယ်​၀န်​ရနိုင်​မှာလဲ။စုဇစ်​​ယောင်​လိမ်​​နေတာလား။ထိုစကားကို သရဲကိုသွား​ပြောရင်​​တောင်​ယုံမည်​မဟုတ်​​ချေ။

တကယ်​လို့ သူပိုက်​ဆံလိုချင်​ရင်​ ဒီထက်​​ကောင်းတဲ့ အ​ကြောင်းပြချက်​​ကောင်း​ကောင်းကိုရှာသင့်​သည်​!။

စုဇစ်​​ယောင်​ သူ့ဆီဖုန်းမ​ခေါ်တာ ၂ရက်​ရှိပြီ။သူ ထိုက​လေးစုတ်​​လေး ​နောက်​ဆုံးမှာ လက်​​လျော့သွားပြီလို့ ထင်​ခဲ့၏။ဘယ်​သူထင်​မှာလဲ။အခုလိုသူ့ကုမ္ပဏီကို​ရောက်​လာပြီး သူ့ကိုခုလိုတားထားလိမ့်​မယ်​လို့။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now