Episode 01

13.2K 829 16
                                    

(Unicode)

(1)

သူက ငှက်ကလေးနဲ့ တူတယ် ။

ကိုယ်လိုရာကို လွတ်လွတ်လပ်လပ် အချုပ်အနှောင်မရှိ ပျံသန်းသွားနိုင်တဲ့ ငှက်ကလေး.. ။

 "ချီးပဲ....အဲ့အဘိုးကြီး မြန်မြန်သေသွားရင်ကောင်းမယ် ...."

 "အိုးဟိုး...ကြမ်းလှချည်လား..."

 ဒါက ဂန်နမ်ရဲ့ ကလပ်တစ်ခုထဲမှာ ဖြစ်တယ် ။ လင်းလိုက်မှိန်လိုက် မီးရောင်တွေနဲ့ ခပ်ကျယ်ကျယ် သီချင်းသံတွေကြားမှာ ကနေကြတဲ့ သူတွေ ။ မူးလို့ပဲဖြစ်ဖြစ် တမင်တကာပဲ ဖြစ်ဖြစ် အသားချင်းထိလိုက် ခွာလိုက်နဲ့ မသိမသာ ဇာတ်လမ်းရှာနေကြတဲ့ သူတွေ ။ ဒီလိုလူတွေနဲ့ မဆိုင်ဘဲ ကလပ်ရဲ့ ချောင်ကျကျ ခုံတစ်ခုမှာ ထိုင်နေတာကတော့ ပတ်ချန်ယောလ်နဲ့ သူ့ရဲ့ သောက်ဖော်သောက်ဖက် အိုဆယ်ဟွန်း ။

 "ငါ့ကို ခွေးလိုနွားလိုခိုင်းပြီး နောက်ဆုံး သူ့သမက်ကို တင်သွားတာ ...ဘိုးတော်ကို တစ်သက်မကျေဘူး ...တောက်!"

 ချန်ယောလ်က ပြောပြောဆိုဆိုနဲ့ စားပွဲပေါ်တင်ထားတဲ့ ဖန်ခွက်ကို ဆွဲယူပြီ အားရပါးရ မော့သောက်ပစ်လိုက်တယ် ။ လည်ချောင်းထဲ ပူဆင်းသွားတဲ့ အရက်ရှိန်က သူ့ကိုပိုပြီး အာသွက်လျှာသွက်ဖြစ်အောင် တွန်းအားပေးနေသလိုပဲ  ။ ဆယ်ဟွန်းကတော့ ဘေးမှာအရက်တစ်ခွက်နဲ့ ခြေချိတ်ထိုင်ရင်း ဘာမှမပြောဘဲ သူ့ကိုကြည့်နေတယ် ။

အခုသာ ဒီလိုပြောနေတာ ။ မနက်ဖြန်ကျရင် ဘာမှမဖြစ်သလို သူ့အထက်လူကြီးရဲ့အောက်မှာ ရိုရိုကျိုးကျိုးနဲ့ အလုပ်ပြန်လုပ်မှာ ဆယ်ဟွန်းမသိတာကျလို့ ။

 "ငါတစ်သက်လုံး သူခိုင်းသမျှ လုပ်လာပေးတာပဲကွာ ....ဘယ်တော့မှ ငါ့ကို ရာထူးတိုးပေးပြီး အေးအေးဆေးဆေးနေခိုင်းမှာလဲ..."

 ချန်ယောလ်က ငိုသံပါကြီးနဲ့ ပြောလာတော့ ဆယ်ဟွန်းက စားပွဲပေါ်က တစ်ရှူးဘူးကို အနားဆွဲယူပြီး ကမ်းပေးတယ် ။ အဲ့ဒီ့အခါ ချန်ယောလ်က ဆယ်ဟွန်းရဲ့မလိုအပ်တဲ့ ရက်ရောမှုကို ခေါင်းခါငြင်းလိုက်ရင်း လက်ထဲက အရက်ကိုပဲ မော့သောက်လိုက်တယ် ။ စိတ်ပြေလက်ပျောက် ပျော်ရအောင် ကလပ်ကို ခေါ်လာကာမှ အရက်ပဲ ထိုင်သောက်နေတဲ့ ချန်ယောလ်ကို ဆယ်ဟွန်းဘယ်လို နားချရမလဲ စဥ်းစားနေပေမဲ့ ချန်ယောလ်က ကချင်မဲ့ပုံလည်း မပေါ်ဘူး ။

F r e e d o mWhere stories live. Discover now