Final

4.1K 587 63
                                    

(Unicode)

(25)

"သီချင်းနားထောင်မလား..."

ကားဘေးခုံမှာ အသက်မပါသလို ထိုင်ပြီး လိုက်ပါလာတဲ့ ဘတ်ဟျွန်းကို ထယ်ဝန် မေးလိုက်တယ် ။ ဘတ်ဟျွန်းက ခေါင်းလည်းမခါသလို ခေါင်းလည်းမညိတ် ။ စကားသံလေး တစ်ခွန်းတောင်မထွက်ဘဲ
အပြင်ဘက်ကို ခပ်တွေတွေငေးကြည့်နေခဲ့တယ် ။

"ဖွင့်လိုက်မယ်နော်..."

တုံ့ပြန်သံမလာတာမို့ ထယ်ဝန်က စိတ်ပေါ့သွားအောင် သီချင်းဖွင့်လိုက်တော့ ခပ်မြူးမြူး သီချင်းတစ်ပုဒ်က ကားထဲမှာ ပျံ့လွင့်သွားတယ် ။ မြူးကြွနေတဲ့ သီချင်းသံနဲ့ ကွဲပြားစွာ ကားတွင်း အခြေအနေကကတော့ ငြိမ်သက်အေးစက်လို့နေတယ် ။

ဘတ်ဟျွန်း သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားခဲ့ပြီးကတည်းက ဘတ်ဟျွန်းအဖေကို နည်းနည်းလောက် အလျော့ပေးဖို့ ထယ်ဝန် အကြံပေးခဲ့တယ် ။ ဒါပေမဲ့ ဘတ်ဟျွန်းကတော့ တစ်ယောက်တည်းပဲ အခန်းထဲမှာ ငြိမ်ငြိမ်နေချင်တယ် ။ စိတ်ဓာတ်ကျနေတဲ့ သူတစ်ယောက်ကို တစ်ယောက်တည်းထားတာ ကောင်းတဲ့ အကြံမဟုတ်တာမို့
ထယ်ဝန်က ဘတ်ဟျွန်းကို အပြင်မှာ စိတ်ပြေလက်ပျောက် နေ့လယ်စာစားဖို့ ခေါ်ထုတ်လာခဲ့တာ ဖြစ်တယ် ။

ထပ်ပြီးထွက်ပြေးမှာကို စိုးရိမ်နေတဲ့ ဘတ်ဟျွန်း အဖေက ဒီတိုင်းတော့ ထယ်ဝန်နဲ့ မလွှတ်လိုက်ဘူး ။ သူတို့နောက်ကနေ အစောင့်နှစ်ယောက်ကို စောင့်ကြည့်ဖို့ လွှတ်ထားခဲ့တယ် ။ ဒါက ဘယ်လိုမှ စိတ်ပြေလက်ပျောက်ရှိမှာမဟုတ်လို့ ထယ်ဝန်အထွန့်တက်ချင်ပေမဲ့ ဘတ်ဟျွန်းကတော့ စိတ်ထဲထားပုံမပေါ် ။

မျက်တွင်းတွေကျပြီး မျက်နှာက ဖြူဖျော့ဖျော့ရယ် ။ နှုတ်ခမ်းတွေက သွေးမရှိသလို ခြောက်ကပ်လို့ ။ လူတောင်မြုပ်လောက်ပြီ ထင်ရတဲ့ အနွေးထည်အထူကြီး ဝတ်ပြီး ဘတ်ဟျွန်းက တကယ်ကို လူမမာရုပ်ပေါက်နေခဲ့တယ် ။

ထယ်ဝန်ကားကို ဆိုင်ရှေ့ ထိုးရပ်လိုက်တယ် ။

"ရောက်ပြီ..."

အသိပေးလိုက်ပေမဲ့ ဘတ်ဟျွန်းဆီက ဘာစကားမှ ပြန်မလာတာမို့ ထယ်ဝန်ကိုယ်တိုင်ဆင်းပြီး ဘတ်ဟျွန်းဘက်က တံခါးကို သွားဖွင့်ပေးလိုက်တယ် ။ ဘတ်ဟျွန်းက ထယ်ဝန်ကို မော့ကြည့်လာတယ် ။

F r e e d o mWhere stories live. Discover now